Banner Top

Member Area

Bubble Messaging app ကို ဝင်ရောက်လိုက်တဲ့ JYP

  •  J
  • Category: News

'Bubble' ဆိုတာက SM အင်တာတိန်းမန့်ကနေ label မှာ ရှိတဲ့အနုပညာရှင်တွေနဲ့ ပရိသတ်တွေ ဆက်သွယ်နိုင်ဖို့ စကားပြောနိုင်ဖို့ ဖန်တီးထားတဲ့ ငွေပေးချေရတဲ့ Messager app တခုပါ။

FNCအင်တာတိန်းမန့်နဲ့ Jellyfish အင်တာတိန်းမန့်တို့ဟာ ဒီ app မှာပါဝင်ထားခဲ့ပြီး ခု JYPအင်တာတိန်းမန့်ပါ ပါဝင်လာတာ ဖြစ်ပါတယ်။

'Bubble'ကို ပထမဆုံး ဝင်ရောက်ချိတ်ဆက်လာတဲ့ JYPE အနုပညာရှင်တွေကတော့ 2PM နဲ့ Straykids တို့ပါ။

'Bubble for JYPnation' ကို နိုဝင်ဘာလ၂၅ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top