Banner Top

Member Area

KakaoTalk နှင့် LINE Emoticons မှ ရရှိလာသောအကျိုးအမြတ်များအားလုံးကို BTS အဖွဲ့ လှူဒါန်းမည်

  •  Micky
  • Category: News

BTS အဖွဲ့ဟာ မကြာသေးမီကမှ ဖြန့်ချိလိုက်တဲ့ KakaoTalk နဲ့ LINE emoticons တွေကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေအားလုံးကို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

temp e13492569a566ce95eaedad774e06a93

သူတို့အဖွဲ့ဟာ နာမည်ကျော်အွန်လိုင်း ချက်တင်ကုမ္ပဏီကြီးနှစ်ခုနဲ့ အတူ ပူးပေါင်းလက်တွဲလုပ်ကို်င်ခဲ့ကြပြီး သူတို့ရဲ့ကိုယ်ပိုင် emoticons တွေကိုလည်း ဖြန့်ချိခဲ့ကြပါတယ်။

အဲဒီ emoticon တွေဟာ ယူနီဆက်ဖ်နဲ့အတူ ဆောင်ရွက်နေတဲ့ သူတို့ရဲ့ 'Love Myself ကမ်ပိန်းတစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ သတင်းတွေရဲ့အဆိုအရ BTS အဖွဲ့ဟာ အဲဒါတွေ ရောင်းချရတဲ့ ငွေကြေးကို ရယူမှာမဟုတ်ဘူးလို့သိရပါတယ်။

temp 31bb41b8f89fb640485f3aad510e2804

အဲဒါတွေ ရောင်းချလို့ရရှိလာတဲ့အကျိုးအမြတ်တွေကို အွန်လိုင်းချက်တင်ကုမ္ပဏီနဲ့ BTS က ခွဲဝေရရှိမှာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ emoticon တွေကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေအားလုံးကို လှူဒါန်းမှာ ဖြစ်ပြီး သူတို့နဲ့တွဲဖက်လုပ်ကိုင်တဲ့ ကုမ္ပဏီနှစ်ခုကတော့ အကျိုးအမြတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top