Banner Top

Member Area

ပတ်ဆောဂျွန်းနဲ့ ဂုံဟျိုဂျင်တို့ ဆိုဂျီဆပ်နှင့် ဆွန်းယယ်ဂျင်းတို့ ရုပ်ရှင်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်

  •  Uchun
  • Category: News

မင်းသားပတ်ဆောဂျွန်းနဲ့ မင်းသမီး ဂုံဟျိုဂျင်တို့ဟာ မင်းသားဆိုဂျီဆပ်နဲ့ မင်းသမီး ဆွန်းယယ်ဂျင်းတို့ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ 'Be with You' မှာ ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

458285256

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကတော့ သူတို့နှစ်ဦးဟာ ရုပ်ရှင်မှာပါဝင်ကြမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပတ်ဆောဂျွန်းနဲ့ ဂုံဟျိုဂျင်တို့ဟာ ဧည့်သည်သရုပ်ဆောင်တွေ အနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ ဆိုပေမယ့် သူတို့ဟာ ဇာတ်လမ်းတစ်ခုလုံးကို ရိုက်ခတ်မှုရှိစေမယ့် အကျိုးဆက်ကို ဆောင်ကျဉ်းလာကြမှာပဲ ဖြစ်တယ်လို့ ပရိသတ်တွေကို အရိပ်အမြွက်ပြောဆိုထားပါတယ်။

မင်းသမီး ဂုံဟျိုဂျင်ဟာ အရင်းနှီးဆုံးသူငယ်ချင်း ဆောယယ်ဂျင်းက ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် သရုပ်ဆောင်ဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ပတ်ဆောဂျင်းဟာ 'Midnight Runners' ရုပ်ရှင်မှာ အလုပ်အတူတွဲလုပ်ခဲ့တဲ့ Lotte အင်တာတိန်းမန့်ကနေ 'Be with You' ရုပ်ရှင်ကို ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်ဖြစ်တယ်လို့ ဆိုပါတယ်။

'Be with You' ရုပ်ရှင်ကတော့ ကွယ်လွန်ခဲ့ပြီးတဲ့ဇနီးသည်က တစ်နှစ်ကြာပြီးနောက် သူနဲ့ သားဖြစ်သူကို ပြန်လာတွေ့ပါ့မယ်ဆိုတဲ့ ကတိချန်ထားခဲ့ရတဲ့ ဝူဂျင်း (ဆိုဂျီဆပ်) အမည်ရှိတဲ့ အမျိုးသားတစ်ဦးရဲ့ အကြောင်း ဖြစ်ပါတယ်။ အဲဒီကတိအတိုင်းပဲ ဝူဂျင်းဟာ ဇနီးဖြစ်သူ ဆိုရာ (ဆွန်းယယ်ဂျင်း) နဲ့ ြပန်လည်ဆုံစည်းခဲ့ပေမယ့် ဇနီးသည်မှာ အတိတ်မေ့နေခဲ့ပြီဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကို မတ်လ ၁၄ ရက်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်အမြည်းဗီဒီယိုကို ဒီမှာကြည့်ပါ


KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top