Logo
Print this page

ဆောင်းရာသီမှာ အသားအရည်ထန်းသိမ်းနည်းအကြောင်း ပြောပြပေးခဲ့တဲ့ Joy

Red Velet အဖွဲ့ဝင် Joy ဟာ ဆောင်းရာသီမှာ သူရဲ့အသားအရည်ကို ဘယ်လိုထိန်းသိမ်းလဲဆိုတာကို ပြောပြခဲ့ပါတယ်။


Joy ဟာ မကြာသေးခင်ကပဲ Allure Korea ရဲ့ Q&A အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ ဘဝနေထိုင်မှုပုံစံ၊ ဖက်ရှင်ရွေးချယ်မှုအကြောင်းတွေပါဝင်တဲ့ မေးခွန်းများစွာကို ဖြေကြားခဲ့ပါတယ်။

ဒီလိုမေးခွန်းတွေအများကြီးထဲမှာ "ဆောင်းရာသီမှာ အသားအရည်ထိန်းသိမ်းဖို့အတွက် အကြံပေးပါ" ဆိုတဲ့ မေးခွန်းလည်းပါဝင်ခဲ့ပါတယ်။

ht5h h wrgwerfg

သူက ရာသီဥတုတစ်ခုနဲ့တစ်ခုမှာ မတူညီတဲ့ မိတ်ကပ်တွေကိုရွေးချယ်ကြောင်း ပြောပြခဲ့ပါတယ်။ "ရာသီဥတုတွေပြောင်းလဲသွားတိုင်း ကျွန်မရဲ့ အရေပြားကလှုပ်ရှားလာပါတယ်။ ဒါကဆိုးတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် လိမ်းနေကျဖြစ်တဲ့ မိတ်ကပ်ကရုတ်တရက်ကြီး ကျွန်မရဲ့ အရေပြားနဲ့မသင့်လျော်တော့ဘူး။ ဘာလို့လဲဆိုရင် ရာသီဥတုတစ်ခုနဲ့ တစ်ခုခြောက်သွေ့တာချင်း မတူလို့ပါ။ ရာသီဥတုပေါ်မူတည်ပြီး မိတ်ကပ် ပစ္စည်းတွေကို ရွေးချယ်ပါတယ်။" လို့ဆိုပါတယ်။ ဒါ့အပြင် သူဟာ ဆောင်းရာသီမှာ အသားအရည်ခြောက်သွေ့မှုမဖြစ်အောင် သူအသုံးပြုတဲ့ အကြံပေးစကားတွေကိုလည်း ဝေမျှခဲ့ပါတယ်။

သူက "ဒါ့ကြောင့်မို့ ဆောင်းရာသီမှာဆိုရင် အစိုဓာတ်ရဖို့ ကျွန်မအမြဲတမ်းအာရုံစိုက်ပါတယ်။ တကယ်လို့ နွေရာသီမှာ အရေပြားထိန်းသိမ်းရေး ပစ္စည်းတွေကို နည်းနည်းပဲ အသုံးပြုတယ်ဆိုရင် ဆောင်းရာသီမှာတော့ product ၄ ခု ဒါမှမဟုတ် ၅ ခုလောက် အသုံးပြုရမယ်လို့ ထင်ပါတယ်။ ဒီလိုမှမသုံးရင် အသားအရည်ကအရမ်းခြောက်တယ်" လို့ဖြေကြားခဲ့ပါတယ်။

ဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!