Logo
Print this page

အီထယ်ဝန် မှာ အိမ်အသစ်ဝယ်ယူခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook

BTS အဖွဲ့ဝင် Jungkookဟာ အိမ်အသစ်တစ်လုံးဝယ်ယူလိုက်ပါပြီ။

Etoday ရဲ့ ဇန်နဝါရီ ၄ ရက်နေ့ သီးသန့်အစီရင်ခံစာအရ BTS အဖွဲ့ဝင် Jungkook ဟာ မကြာသေးခင်ကပဲ ဆိုးလ်မြို့၊ အီထယ်ဝန်အရပ်မှာ နှစ်ထပ်အိမ်တစ်လုံးကို ဝယ်ယူခဲ့ပါတယ်။ ၇.၆၃ဘီလီယမ် (အမေရိကန်ဒေါ်လာ ၇.၀၅ မီလီယမ်နီးပါး) တန်ကြေးရှိပြီး အကျယ် ၇၀ ဖြောင်း(၂၃၀.၇၂ စတုရန်းမီတာ၊ ၂၄၈၃ စတုရန်းပေ) ကျယ်ဝန်းတဲ့အပြင် ၁၉၇၆ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အိမ်ဖြစ်ပါတယ်။ ဒီအိမ်ဟာဆိုရင် Rain နဲ့ Kim Tae Hee တို့အပါအဝင် နာမည်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ နေအိမ်တွေရှိတဲ့ အီထယ်ဝန်ရဲ့ ချမ်းသာကြွယ်ဝတဲ့ ဧရိယာမှာတည်ရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဧရိယာတစ်ဝိုက်မှာဆိုရင် နိုင်ငံခြားသံတမန်တွေရဲ့အိမ်တွေ တည်ရှိသလို သံရုံးများစွာလည်း တည်ရှိပါတယ်။

1609728461070 0

Jungkook ရဲ့ အိမ်အသစ်ဟာဆိုရင် BTS အဖွဲ့ရဲ့ အိပ်ဆောင်လို့သိကြတဲ့ Nine One Hannam ကနေ ကားနဲ့ ၅မိနစ်သွားရုံနဲ့ ရောက်နိုင်ပါတယ်။ အနုပညာရှင်အများစုဟာဆိုရင် ပထဝီဝင်အားသာချက်တွေကြောင့် အီထယ်ဝန်ဧရိယာမှာ အိမ်တွေဝယ်ယူနေကြပါတယ်။

မကြာသေးခင်ကပဲ Park Myung Soo နဲ့ Hwang Jung Eum တို့ အနုပညာရှင်နှစ်ဉီးကလည်း ဒီဧရိယာမှာ ဇိမ်ခံအိမ်တွေဝယ်ယူခဲ့ကြပါတယ်။ ဒါ့အပြင် Jungkook ဟာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ဇိမ်ခံ Trimage complex မှာရှိတဲ့ သူပိုင်ဆိုင်တဲ့ တိုက်ခန်းကို ရောင်းချခဲ့ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!