Logo
Print this page

ငွေရှာဖို့ BTS အဖွဲ့ကိုအသုံးပြုတာရပ်ပေးရေး Big Hit ကို ပရိသတ်တွေ ဆန္ဒပြတောင်းဆို

ARMY တွေဟာ Big Hit အင်တာတိန်းမန့်အပေါ် သူတို့ရဲ့ ဝေဖန်မှုကို ပြသဖို့ ဆန္ဒပြထရပ်ကားတွေ ပေးပို့ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဆန္ဒပြထရပ်ကားနှစ်စီးဟာ Big Hit ရဲ့ရုံးချုပ်တဝိုက်မှာ သွားလာနေတာနဲ့ အဆောက်အဦအရှေ့မှာ ရပ်နားထားတာကို မြင်တွေ့ခဲ့ကြရပါတယ်။

1607917610953 1

အဲ့ဒီဆန္ဒပြထရပ်ကားတွေကိုတော့ Big Hit အင်တာတိန်းမန့်ထံ တောင်းဆိုမှုတွေကို ဖော်ပြဖို့ BTS အဖွဲ့ရဲ့ ပရိသတ်တွေက ပို့လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

1607917603703 2

သူတို့အဖွဲ့ရဲ့ fandom ကတော့ သူတို့ရဲ့ အနုပညာရှင်တွေ အထူးသဖြင့် BTS အဖွဲ့ကို ငွေရှာဖို့ အမြတ်ထုတ်နေတာ ရပ်တန့်ဖို့ အဓိကတောင်းဆိုထားပါတယ်။ နဖူးစည်းစာတန်းတစ်ခုမှာဆိုရင်

"Big Hit ဟာ စတော့ရှယ်ယာတွေနဲ့ ပတ်သက်လာရင် ရူးနေပြီး သူတို့ရဲ့ အခြေခံသဘောတရားတွေကိုလည်း ဆုံးရှုံးနေပြီ"

လို့ ရေးသားထားတာတွေ့ရပါတယ်။

1607917594837 4

နောက်ထပ် နဖူးစည်းစာတန်းတစ်ခုမှာတော့

"BTS အဖွဲ့ရဲ့ ဒရာမာ Youth ထုတ်လုပ်နေတာကို ရပ်လိုက်ပါတော့။"

လို့ဖော်ပြထားပါတယ်။
တခြား ထရပ်ကားတစ်ခုမှာတော့

"Big Hit Labels အောက်မှာရှိတဲ့ တခြားအနုပညာရှင်တွေ အောင်မြင်ဖို့ BTS နဲ့ ARMY တွေကို အသုံးပြုနေတာ ရပ်တန့်လိုက်ပါတော့။"

စတဲ့ ပရိသတ်တွေရဲ့ သတင်းစကားကိုလည်း ဖော်ပြထားတာမြင်တွေ့ရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!