Banner Top

Member Area

BTS အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် ပထမဆုံးနေ့မှာတင် ရောင်းအား ကော်ပီချပ်ရေ ၂ သန်း ကျော်လွန်

  •  WN
  • Category: News

နိုဝင်ဘာ ၁၂ ရက်နေ့မှာ Hanteo ရဲ့ အဆိုအရ BTS အဖွဲ့ရဲ့ အထူးအယ်လ်ဘမ် 'BE (Deluxe Edition)' ဟာ ကိုရီးယားစံတော်ချိန် နံနက် ၁၀ နာရီမှာပဲ ကော်ပီချပ်ရေ ၂ သန်းကျော်အထိ ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။

BTS အဖွဲ့ရဲ့ 'BE (Deluxe Edition)' အယ်လ်ဘမ်ကို နိုဝင်ဘာ ၂၀ ရက်၊ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ ကမ္ဘာတဝန်းလုံးကို ဖြန့်ချိခဲ့တာဖြစ်ပြီး ဒါဟာ ၉ လအတွင်း အဖွဲ့ရဲ့ ပထမဆုံး Comeback အယ်လ်ဘမ်လည်း ဖြစ်လာပါတယ်။


ပထမဆုံးနေ့ ရောင်းအားအတွင်းမှာတော့ အဲ့ဒီအထူးအယ်လ်ဘမ်ဟာ ကော်ပီချပ်ရေ ၂ သန်းကျော်ရောင်းချခဲ့ရပြီးဖြစ်တဲ့အတွက် သူတို့အဖွဲ့ဟာ သူတို့လက်ရှိကိုယ်ပိုင်တင်ထားတဲ့ ပထမဆုံး သီတင်းပတ်အတွင်း အယ်လ်ဘမ်ရောင်းအားအများဆုံးစံချိန်ကိုချိုးဖျက်နိုင်မလားဆိုတဲ့ စိတ်ဝင်စားမှုတွေလည်း မြင့်တက်နေတာကိုတွေ့ရပါတယ်။


လက်ရှိမှာတော့ 'Map of the Soul: 7' အယ်လ်ဘမ်ကနေ တင်ထားတဲ့ ပထမဆုံးသီတင်းပတ်ရောင်းအားစံချိန်ကတော့ ကော်ပီချပ်ရေ ၃ သန်း ၃ သိန်း ၇ သောင်းဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်စံချိန်ကို BTS အဖွဲ့ ချိုးဖျက်နိုင်လိမ့်မယ်လို့ သင်ထင်ပါသလား။ မှတ်ချက်ပေးခဲ့နိုင်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top