Banner Top

Member Area

များပြားလွန်းတဲ့အလုပ်အချိန်ဇယားကြောင့် အကြိမ်ကြိမ်ခြေကုန်လက်ပန်းကျ ဖြစ်ခဲ့ရတဲ့လို့ V ပြော

  •  WN
  • Category: News

BTS အဖွဲ့ဝင် V ဟာ သူ့ရဲ့များပြားတဲ့အချိန်ဇယားနဲ့ စိတ်ဖိစီးမှုတွေ အကြောင်းကို ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ 'BE' အယ်လ်ဘမ်အတွက် သတင်းစာရှင်းလင်းပွဲအတွင်းမှာ V က သူ့ရဲ့များပြားတဲ့အချိန်ဇယားတွေကြားမှာ ဘယ်လိုရုန်းကန်ခဲ့ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့လို့် ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။ သတင်းထောက်တစ်ဦးက များပြားတဲ့ အချိန်ဇယားတွေကို ပြီးစီးအောင် လုပ်တဲ့နေရာမှာ စိတ်ဖိစီးမှုတွေ ရရှိပါသလားဆိုတဲ့ မေးခွန်းကို အဖွဲ့ဝင်တွေထံ မေးမြန်းခဲ့တာဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ BTS အဖွဲ့ဟာ ကိုရီးယားပရိသတ်တွေအတွက်သာမက နိုင်ငံတကာက ပရိသတ်တွေအတွက်ပါ ဂီတလုပ်ငန်းတွေကို ပရိုမိုးရှင်းလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

1605853644439 0

အဲ့ဒီအခါမှာ အဖွဲ့ဝင် V က "ကျနော်လုံး၀ ခြေကုန်လက်ပန်းကျဖြစ်ခဲ့ရတဲ့ အကြိမ်ရေတော်တော်များများရှိပါတယ်။ အဲ့ဒါကိုရင်ဆိုင်ရတာ အသားကျနေပါပြီ။" လို့ ပြောဆိုခဲ့ပါတယ်။ မကြာသေးခင်တုန်းကတော့ သူက 'In the Soop' ဇာတ်ဝင်တေးသီချင်းထဲမှာ "ငါ နေမကောင်းဘူး။ အားလုံးကြောင့်ပင်ပန်းရတယ်။ တစ်ယောက်ယောက်လာ ပြီး ငါ့ကို ကယ်ကြပါ" ဆိုတဲ့ သီချင်းစာသားကို ရေးသားခဲ့လို့ ပရိသတ်တွေက စိုးရိမ်ခဲ့ကြရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top