Banner Top

Member Area

စစ်မှုထမ်းဖို့ ကိစ္စနဲ့ပတ်သက်လို့ BTS အဖွဲ့ဝင် Jin ဘာပြောလဲ

  •  WN
  • Category: News

BTS အဖွဲ့ဝင် Jin ဟာ မကြာခင်စစ်မှုထမ်းရမယ့်ကိစ္စနဲ့ပတ်သက်လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် 'BE' အတွက် ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ဝင်တွေဟ မီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျုူးတစ်ခုကို ဖြေဆိုခဲ့ပါတယ်။ အဲ့ဒီမေးခွန်းတွေထဲမှာ အဖွဲ့ဝင် Jin ကို စစ်မှုထမ်းဖို့ အစီအစဉ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့ကြပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ BTS အဖွဲ့ထဲမှာ အသက်အကြီးဆုံးအဖွဲ့ဝင် Jin က "တောင်ကိုရီးယားသမ္မတနိုင်ငံသားတစ်ယောက်အနေနဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတာ ရှိပြီးသားပါ။ နိုင်ငံတော်က ခေါ်တယ်ဆိုရင်တော့ ကျနော်တို့က ဂုဏ်ယူစွာနဲ့ တုံ့ပြန်မှာပါ။ ကျနော်က အချိန်ကျလာရင် စိတ်ပါလက်ပါနဲ့ စစ်မှုထမ်းဖို့ စီစဉ်ထားပါတယ်။" လို့ဆိုပါတယ်။
သူကဆက်ပြီး "အဖွဲ့ဝင်တွေနဲ့ ကျနော်ဟာ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တော်တော်လေး ဆွေးနွေးခဲ့ကြပါတယ်။ ကျနော်တို့အားလုံးဟာ စစ်မှုထမ်းချင်ကြတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။" လို့ပြောဆိုခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ ဂီတဗီဒီယိုအသစ် 'Life Goes on' ကို အောက်ကလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top