Logo
Print this page

နာမည်ကျော် လေ့ကျင့်သူ Helen အပါအဝင် aespa အဖွဲ့ထဲကို အဖွဲ့ဝင် ၃ ဦးထပ်ပေါင်းမယ်လို့ဆို

အမည်ဖော်ပြမထားတဲ့ အတွင်းသတင်းတစ်ခုရဲ့ အဆိုအရ လာမယ့် နိုဝင်ဘာ ၁၇ ရက်မှာ ပထမဆုံး ဒစ်ဂျစ်တယ် Single သီချင်း "Black Mamba" နဲ့ ပွဲဦးထွက်ဖို့ပြင်နေတဲ့ SM အင်တာတိန်းမန့်ရဲ့ တက်သစ်စ မိန်းကလေးအဖွဲ့ aespaထဲကို နောင်အနာဂတ်ကာလမှာ အဖွဲ့ဝင်အသစ်တွေ ထပ်ပေါင်းဖို့ ပြင်နေတယ်လို့ သိရပါတယ်။


အားလုံးသိကြတဲ့အတိုင်းပဲ aespa အဖွဲ့ဟာ လက်ရှိမှာ အဖွဲ့ဝင် လေးဦး ပါဝင်ပါတယ်။ ဒါပေမယ့် အတွင်းသတင်းတစ်ခုရဲ့အဆိုအရ SM အင်တာတိန်းမန့်ဟာ နောက်ထပ်အဖွဲ့ဝင် ၃ ဦးထပ်ပေါင်းဖို့ စီစဉ်ထားပြီး အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့အဖွဲ့အဖြစ် ဖန်တီးဖို့ ပြင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာမှာ ပထမဆုံးတက်လာခဲ့တဲ့ အတွင်းသတင်းရဲ့ အွန်လိုင်းပို့စ်မှာတော့ ကနဦးမှာ လူတော်တော်များများက အဲ့ဒီကိစ္စဟာ အခြေအမြစ်မရှိဘူးဆိုပြီး ရေးသားခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်တုန်းက aespa အဖွဲ့ရဲ့ "Black Mamba" ဂီတဗီဒီယို အမြည်းထွက်လာခဲ့ပြီးတဲ့နောက် အဲ့ဒီပို့စ်ဟာ လူစိတ်ဝင်စားမှု ရလာခဲ့ပါတယ်။

huth ergrg rwegwergwe

အောက်တိုဘာ ၂၉ ရက်မှာ တင်ထားခဲ့တဲ့ အတွင်းသတင်းရဲ့ အဆိုအရ "K/DA ရဲ့ 'Popstar' သီချင်းလိုပဲ အစပိုင်းမှာတော့ အီလက်ထရောနစ် ဂီတာနဲ့ စမှာဖြစ်ပြီး Hey လို့ သူတို့တွေက အော်ကြမယ်။ အဲ့ဒီနောက် Karina က အဖွဲ့ရဲ့ ဗဟိုချက်ကနေ စဖွင့်မယ်။ ဒါပေမယ့် ငါအဲ့ဒီသီချင်းကို အငြိမ်ပေါင်းများစွာ နားထောင်တဲ့အခါမှာ တော်တော်လေးကို ဟာလာဟင်းလင်းဖြစ်နေတယ်။ အပိုင်း ၁ ကရီနာ၊ အပိုင်း ၂ နင်နင်၊ အပိုင်း ၃ ဝင်းတားနဲ့ အပိုင်း ၄ အယ်ရီတို့ဖြစ်ပါတယ်။ ပွဲဦးထွက်တော့ ဒီအဖွဲ့ဝင် ၄ ဦးနဲ့ပါပဲ။ နင်နင်နဲ့ ဝင်းတားကတော့ အပိုဒ်အများစုရပါတယ်။ အထူးပြုအပိုင်းအတွင်းက အကမှာတော့ Girls' Generation ရဲ့ "The Boys" နဲ့ ဆင်တူပါတယ်။" လို့ဖော်ပြထားပါတယ်။

th rg ewrgweg ew

အဲ့ဒီလိုပို့စ်မှာရေးထားတဲ့အတိုင်း ဖြစ်လာတဲ့အတွက် အင်တာနက်အသုံးပြုသူတော်တော်များများဟာ တော်တော်လေးကို တအံ့တသြဖြစ်နေကြပါတယ်။ အတွင်းသတင်းကတော့ SM ဟာ aespa ရဲ့ တရားဝင် လိုဂိုကို ကြေညာပြီးတဲ့ တချိန်မှာ အဖွဲ့ဝင်အသစ်တွေကို ထပ်ပေါင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ပွဲဦးထွက်အဖွဲ့ဝင်နာမည်တွေကိုလည်း အခုလိုချရေးခဲ့ပါတယ်။

 

Yoo Ji Min (Karina)
Ningning
Aeri (Giselle)
Kim Min Jung (Winter)
ထပ်ပေါင်းမယ့်အဖွဲ့ဝင်နာမည်များ
နာမည်အစ R/L နာမည်အစ N
နာမည်အစ (A, Y, W,) ဖြစ်နိုင် ၊ နာမည်အစ J
နာမည်အစ H နာမည်အစ R/L
လို့ဖော်ပြထားပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ "နာမည်အစ H နဲ့ နာမည်အစ R/L တို့ဆိုတာ နာမည်ကျော် SM လေ့ကျင့်သူဖြစ်တဲ့ ၂၀၀၃ ခုနှစ်ဖွား သြစတေးလျနွယ်ဖွား အမေရိကန်နိုင်ငံသူ Helen ဖြစ်တယ်လို့ ဆိုကြပါတယ်။

1605592077 1

 

1605592077 2

 

1605592077 3

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!