Banner Top

Member Area

aespa အဖွဲ့ဝင် Karina က ကျောင်းသူဘဝတုန်းက ဘယ်လောက်အထိ လှခဲ့လဲ

  •  WN
  • Category: News

Karina ရဲ့ သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ တကယ့်ကိုယ်ရည်ကိုယ်သွေး ပုံစံကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်တုန်းက အွန်လိုင်းအသိုက်အဝန်းတစ်ခုမှာ ပရိသတ်တစ်ယောက်တင်ထားတဲ့ ပို့စ်တစ်ခုဟာ aespa အဖွဲ့ဝင် Karina ရဲ့ အရင်တုန်းက အကြောင်းအရာတစ်ခုကို ထုတ်ဖော်ထားတဲ့ အကြောင်းအရာအဖြစ် လူပြောများခဲ့ပါတယ်။ အာရဗီဘာသာနဲ့ ရေးသားထားပြီး Youtube ချန်နယ်တစ်ခုမှာ Karina ရဲ့ အတန်းဖော်တစ်ယောက်က ဗီဒီယိုတစ်ခုကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ သူကတော့ အာရဗီဘာသာနဲ့ အသုံးပြုသူတွေကို Youtube ချန်နယ်ကနေ တဆင့် ဆက်သွယ်လေ့ရှိသူလည်း ဖြစ်ပါတယ်။

1606697890623 1606697890623

အဲ့ဒီအတန်းဖော်ရဲ့အဆိုအရ သူဟာ Karina ထက် အသက်နှစ်နှစ်ကြီးပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ သူ့ရဲ့ အဆိုအရ သူတို့ ကျောင်းသူဘဝတုန်းက Karina ဟာတော်တော်လေးကို လှခဲ့တယ်လို့ သိရပါတယ်။ သူက "Karina က အခုအောင်မြင်နေတယ်ဆိုတော့ တကယ့်ကိုပဲ ပျော်ရွှင်ရပါတယ်။ သူနဲ့ပတ်သက်လို့ ကောလာဟလအမှားတွေကို ကြားခဲ့ရတဲ့အချိန်မှာ ကျမတကယ့်ကိုပဲ စိတ်ထိခိုက်ခဲ့ရပါတယ်။" လို့ ရေးသားခဲ့ပါတယ်။

1606697015251 0

အားလုံးသိကြတဲ့အတိုင်းပဲ သူ့ရဲ့အတန်းဖော်သူငယ်ချင်းတချို့ဆိုသူတွေက Karina ဟာ ရိုင်းစိုင်းတဲ့သူမျိုးဖြစ်ကြောင်း ပြောခဲ့ပြီးတဲ့နောက် အငြင်းပွားဖွယ် ကိစ္စတွေကို ကြုံတွေ့ခဲ့ရပါသေးတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top