Logo
Print this page

2020 MTV EMAs ဆုပေးပွဲမှာ BTS နဲ့ Stray Kids အဖွဲ့တို့ ဆုအသီးသီးရရှိ

BTS နဲ့ Stray Kids အဖွဲ့ဟာ 2020 MTV EMAs ဆုပေးပွဲမှာ ဆုတွေရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့တုန်းက MTV ဟာ နှစ်စဉ်ကျင်းပနေကျ ဥရောပ ဂီတဆုပေးပွဲကို ကျင်းပခဲ့ပြီး မြို့တစ်ခုတည်းမှာ ပြုလုပ်မယ့် အစီအစဉ်အစား မြို့တော်တော်များများကနေ ထုတ်လွှင့်ခဲ့ပါတယ်။


အခုနှစ်မှာ ဆုအမျိုးအစား ငါးခုမှာ ဆန်ခါတင်စာရင်းပါဝင်ခဲ့ပြီးတဲ့နောက် BTS အဖွဲ့ဟာ ဆုလေးခုတိတိ ရရှိခဲ့တာကိုတွေ့ရပါတယ်။ သူတို့အဖွဲ့ဟာ “Dynamite” သီချင်းနဲ့ အကောင်းဆုံး သီချင်းဆုကို ရရှိခဲ့ပါတယ်။
BTS အဖွဲ့ဟာ အကောင်းဆုံး အဖွဲ့လိုက်ဆုကို ရရှိခဲ့ပြီး “BANG BANG CON: The Live” အွန်လိုင်းဖျော်ဖြေပွဲအတွက် Best Virtual Live ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကြီးမားဆုံး ပရိသတ်ဆုကိုလည်း တတိယမြောက်နှစ်အဖြစ် ဆက်လက်ရရှိခဲ့ပါတယ်။


ASTRO, EVERGLOW, KARD နဲ့ VICTON အဖွဲ့တို့ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ အကောင်းဆုံးကိုရီးယားအနုပညာဆုကိုတော့ Stray Kids အဖွဲ့က ရရှိခဲ့ပါတယ်။

BTS နဲ့ Stray Kids အဖွဲ့တို့အတွက် ဂုဏ်ယူပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!