Logo
Print this page

ပုခုံးဒဏ်ရာခွဲစိတ်မှုကြောင့် ခေတ္တအနားယူရမယ့် BTS အဖွဲ့ဝင် Suga


BTS အဖွဲ့ဝင် Suga ဟာ ပုခုံးခွဲစိတ်ပြီးတဲ့နောက် သူ့ရဲ့ လုပ်ငန်းအများစုကနေ ခေတ္တအနားယူရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့မှာ Big Hit အင်တာတိန်းမန့်က Suga ဟာ ပြီးခဲ့တဲ့ ၃ ရက်နေ့မှာ ပုခုံးစုတ်ပြဲ ဒဏ်ရာကို ကုစားဖို့ ခွဲစိတ်ကုသမှုကို ခံယူခဲ့ရပြီး ကုမ္ပဏီနဲ့ဆွေးနွေးခဲ့ပြီးတဲ့နောက် မကြာခင် စစ်မှုထမ်းဖို့ ပြင်ဆင်တဲ့ အနေနဲ့ ပုခုံးခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီလို ခွဲစိတ်ခံခဲ့ရမှုအတွက် Suga ဟာ BTS အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် 'BE' အတွက် ပြုလုပ်ဖို့ရှိနေတဲ့ အဖွဲ့လိုက်လုပ်ငန်းအများစုမှာ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။


ကုမ္ပဏီရဲ့အဆိုအရ Suga ရဲ ကျန်းမာရေးအခြေအနေဟာ တည်ငြိမ်ပြီး ခွဲစိတ်မှုလည်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ လက်ရှိမှာအနားယူနေပြီး သမားတော်ရဲ့ အကြံပြုချက်အတိုင်း ပြန်လည်သက်သာလာစေဖို့နေထိုင်နေရတယ်လို့ သိရပါတယ်။


Big Hit အင်တာတိန်းမန့်က "ပရိသတ်တော်တော်များများသိတဲ့အတိုင်း Suga ဟာ ပုခုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ သူပွဲဦးထွက်မတိုင်မီ ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ ဒဏ်ရာရရှိခဲ့ချိန်ကစလို့ သူ့ရဲ့ ပုခုံးပြဿနာ စတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်မှာ ပုံခုံးအကြောလွဲခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူရဲ့ ဘယ်ဖက်ပုခုံးနောက်ဘက်မှာ အတွင်းပိုင်း စုတ်ပြဲဒဏ်ရာရရှိခဲ့ရာကနေ ပုခုံးနာကျင်မှု ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။" လို့ပြောဆိုခဲ့ပါတယ်။

 

Suga ကတော့ "ပရိသတ်တွေကို ပိုမိုခိုင်မာတောင့်တင်း ကျန်းမာတဲ့ ပုံစံမျိုးနဲ့ နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဖို့ အတွက် ဒီလိုအချိန်မှာနားလည်ပေးကြဖို့၊ ခဏလေးဝေးရမှာဖြစ်ပြီး ပြန်လာဖို့ အတွက် စောင့်ဆိုင်ပေးကြဖို့" ပရိသတ်တွေကို စကားပါးခဲ့ပါတယ်။ အမြန်ဆုံးကျန်းမာပါစေ Suga ရေ။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!