Logo
Print this page

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Fantsy ဂိမ်းအတွက် Theme Song သီဆိုခဲ့တဲ့ Taeyeon

Multi-platform Gran Saga နဲ့ အတူလက်တွဲပြီး Girls' Generation အဖွဲ့ဝင် Taeyeon ဟာ Fantsy ဂိမ်းရဲ့ Theme Song ကို သီဆိုခဲ့ပါတယ်။

Gran Saga ဟာ fantasy MMORPG ဂိမ်း ဖြစ်ပြီး နောက်နှစ်မှာ စတင်ဖြန့်ဖြူးမှာဖြစ်ပေမယ့် ဖြန့်ချိမယ့်နေ့ရက်ကိုတော့ မကြေညာသေးပါဘူး။

tgrg grg erg jy

Gran Saga နောက်ကွယ်မှာရှိတဲ့ ကိုရီးယားဂိမ်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ NPIXEL ကတော့ ဂိမ်းအသစ်ရဲ့ Theme Song ကို Taeyeon သီဆိုထားကြောင့် ပြောကြားခဲ့ပါတယ်။

ui6 teg gfef

အောက်တိုဘာလ၃၀ရက်နေ့မှာ Gran Saga ရဲ့ တရားဝင် YouTube ချန်နယ်ကနေ အဲ့ဒီသီချင်းရဲ့ ဂီတဗီဒီယို "Ahead of Destiny" ကို ဖြန့်ချိခဲ့ပါတယ်။

ဂီတဗီဒီယိုမှာဆိုရင် Taeyeonရဲ့ ချိုမြတဲ့ အသံနဲ့ ခမ်းနားထည်ဝါပြီး တောက်ပနေတဲ့ visual ကိုမြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဂီတဗီဒီယိုနဲ့ သီချင်းနှစ်ခုလုံးမှာတော့ အိပ်မက်ဆန်တဲ့ အရည်အသွေးနဲ့အတူ ထူးခြားဆန်ကြယ် Concept ကိုလည်း ခံစားရမှာဖြစ်ပါတယ်။

ဂီတဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

 

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!