Banner Top

Member Area

လာမယ့်လမှာ ပွဲဦးထွက်မယ့် ENHYPEN အဖွဲ့

  •  YuNandarHtun
  • Category: Music

ENHYPEN အဖွဲ့က အဖွဲ့ဝင်ခုနစ်ယောက်ပါတဲ့ လူငယ်အဖွဲ့ဖြစ်ပြီး Mnet ရဲ့ I-LAND အစီအစဉ်ကနေ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လာမယ့်လမှာ သူတို့ဟာ ပွဲဦးထွက်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Tenasia ကသီးသန့်အစီရင်ခံစာတစ်ခုအရ ENHYPEN အဖွဲ့က နိုဝင်ဘာလုကုန်မှာပြုလုပ်မယ့် သူတို့ရဲ့ ပွဲဦးထွက်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ I-LAND အစီအစဉ်မှ Heeseung၊ Jay၊ Jake၊ Sunghoon၊Sunoo၊Jungwonနဲ့ Niki သင်တန်းသား (၇) ဦး ပါဝင်တယ်လို့ ဆိုထားပါတယ်။

hg gi8gu8

ENHYPEN အဖွဲ့ဟာ Big Hit အင်တာတိန်းမန့်နဲ့ CJ ENM တို့ပူးပေါင်းပြီး Belift Labs လက်အောက်မှာ တည်ထောင်တဲ့ ယောက်ျားလေးအဖွဲ့ဖြစ်ပါတယ်။ ENHYPEN ကိုဖွဲ့စည်းဖို့ ရည်မှန်းချက်ကတော့ မျိုးဆက်သစ် K-Pop အနုပညာရှင်ဖန်တီးမှုဖြစ်စဉ်ကိုပြသဖို့လည်း ဖြစ်ပါတယ်။သူတို့ရဲ့ပွဲ ဦး ထွက်မတိုင်ခင်ကတည်းက သူတို့အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ကြည့်ရှူသူတွေက Twitter မှာ ၁.၁ သန်း၊ Instagram မှာ ၁.၂ သန်းနဲ့ TikTok မှာ ၁ သန်းကျော်အပါအဝင် ENHYPEN အဖွဲ့က လူမှုမီဒီယာရဲ့ ကျော်ကြားမှုတွေကလည်း များပြားနေပါတယ်။ အဲဒါအပြင်သူတို့ရဲ့ Weverse Platform ဟာဆိုရင် ပရိသတ် ၃ သန်းကျော်ထိကို ရောက်နေပါတယ်။

Big Hit အင်တာတိန်းမန့် နဲ့ Belift Labs တို့က ဒီအစီရင်ခံစာရဲ့ အသေးစိတ်ကိုအတည်မပြုရသေးပါဘူး။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top