Banner Top

Member Area

ENHYPEN ရဲ့ အဖွဲ့ခေါင်းဆောင်ကို ကြေညာ

  •  J
  • Category: News

ENHYPEN ဟာ အဖွဲ့ရဲ့ ခေါင်းဆောင်ကို ကြေညာခဲ့ပါပြီ။

' I-LAND ' ရဲ့ Youtube ဗီဒီယို အပိုင်းသစ်မှာယောကျာ်းလေးအဖွဲ့ ENHYPEN ရဲ့ အဖွဲ့ခေါင်းဆောင်ရွေးချယ်မှုကို ထုတ်လွှင့်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အမြင်နဲ့အတွေးတွေကို အင်တာဗျူးမှာ ဖြေဆိုခဲ့ကြပြီး အဆုံးမှာတော့ Heeseungနဲ့ Jungwon တို့ ၂ယောက်ထဲက Jungwon ကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

Heeseungက "ကျွန်တော် ခေါင်းဆောင်တယောက်ဆိုတာထက်အဖွဲ့ရဲ့ အကြီးဆုံး တယောက်အနေနဲ့နေတာက အဖွဲ့ဝင်တွေကို ပိုပြီးကူညီပေးနိုင်မယ် ထင်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

Jungwon ကလည်း သူဟာ အဖွဲ့ဝင်တွေအတွက် အကောင်းဆုံးလုပ်ဆောင်မှာ ဖြစ်ပြီ း"ကျွန်တော် ခေါင်းဆောင်ဖြစ်လာမယ်လို့ မသိခဲ့ဘူး။အဲ့ဒါက နည်းနည်းရုတ်တရတ် ဆန်တယ်။ခုတော့ ကျွန်တော့်မှာ တာဝန်တွေ ရှိလာပြီ။ကျွန်တော် အဖွဲ့ဝင်တွေအတွက်ဆုံးဖြတ်ရတဲ့ ခေါင်းဆောင်တယောက် မဖြစ်ချင်ပါဘူး။အဖွဲ့ဝင် ၆ ယောက်လုံးရဲ့ ကိုယ်ပိုင်အမြင်တွေကိုလည်း လိုချင်ပြီး သူတို့ရဲ့အမြင်နဲ့ အတွေးတွေကိုလည်း အလေးထားမှာပါ။ဒါကြောင့် အတူတူကြိုးစားကြရအောင် " လို့ ပြောခဲ့ပါတယ်။

ENHYPEN အဖွဲ့ဟာ နိုဝင်ဘာလ၃၀ရက်နေ့မှာ ပွဲဦးထွက် အယ်လ်ဘမ်'Boder: Day One' ကို ထုတ်ဝေမှာပါ။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top