Logo
Print this page

မလေးရှားတက္ကသိုလ်တစ်ခုရဲ့ စာမေးပွဲမေးခွန်းမှ BTS အဖွဲ့ဝင် Jungkook နာမည်ပါဝင်လာ

အခုလိုမျိုး စာမေးပွဲမေးခွန်းမှာ Jungkook နာမည်ပါဝင်လာတာဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။

BTS အဖွဲ့ဝင် Jungkook နာမည်က မလေးရှားတက္ကသိုလ်တစ်ခုရဲ့ နောက်ဆုံးအဆင့်မေးခွန်းတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ပရိသတ်တစ်ဦးက စာမေးပွဲမေးခွန်းရဲ့ဓာတ်ပုံကိုဆိုရှယ်မီဒီယာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ သူက Jungkook ရဲ့ နာမည်ကိုတွေ့မြင်ပြီးနောက် စာမေးပွဲခန်းထဲမှာ အော်ဟစ်ခဲံတယ်လို့ဆိုပါတယ်။ အဲ့ဒီ ဓာတ်ပုံကတော့ စာမေးပွဲအပြီးမှ အွန်လိုင်းပေါ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

Jungkook

အဲ့ဒီလိုမျိုးစာမေးပွဲမှာ Jungkook ရဲ့နာမည် ပါဝင်လာတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်တုန်းကလည်း တိုရွန်တိုတက္ကသိုလ်မှာ မိုက်ခရိုစီးပွားရေးစာမေးပွဲတစ်ခုမှာ "ဆံပင်ညှပ်ဆိုင် ဖွင့်ထားသူတစ်ဦး" အဖြစ် ၂၀၁၈ခုနှစ်တုန်းက ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ မတ်လမှာ ကော်နဲလ်တက္ကသိုလ်မှာ အရွယ်ရောက်ပြီးနောက် မျက်နှာပေါ်မှာ ပေါ်ပေါက်လာတဲံ အပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ “Human Bonding” အတန်းမှာလည်း သူ့ရဲ့ နာမည်ပါဝင်ခဲ့ပါသေးတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!