Banner Top

Member Area

Billboard Music Awards ဆုပေးပွဲမှာ ဒုတိယအကြိမ်မြောက် Top Social Artist Award ဆု BTS အဖွဲ့ ရရှိ

BTS အဖွဲ့ဟာ ၂၀၁၈ ခုနှစ် Billboard Music Awards ဆုပေးပွဲမှာ Top Social Artist award ဆုကို ထပ်မံ ရရှိခဲဲ့ပြန်ပါတယ်။ BTS အဖွဲ့ဟာ မေ ၂၀ ရက် လတ်စ်ဗေးဂတ်စ်မြို့မှာရှိတဲ့ MGM Grand Garden Arena  မှာ ကျင်းပတဲ့ ကမ္ဘာဂီတလောက ထဲက နာမည်ကျော် စတားတွေ တက်ရောက်တဲ့ BBMA ဆုပေးပွဲကို တက်ရောက်နေတာဖြစ်ပါတယ်။

သူတို့ မနှစ်က ရရှိခဲ့တဲ့ Top Social Artist ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီးတဲ့နောက် အခုလိုမျိုးနှစ်စဉ်ကျင်းပတဲ့ ပွဲအခမ်းအနားကို ဒုတိယအကြိမ်မြောက်အဖြစ် ဖိတ်ကြားခံခဲ့ရတာလည်း ဖြစ်ပါတယ်။ BTS အဖွဲ့ဟာ ၂၀၁၈ ခုနှစ် Billboard Music Awards ဆုပေးပွဲမှာ Top Social Artist award ဆုကို ထပ်မံ ရရှိခဲဲ့ပြန်ပါတယ်။ BTS အဖွဲ့ဟာ မေ ၂၀ ရက် လတ်စ်ဗေးဂတ်စ်မြို့မှာရှိတဲ့ MGM Grand Garden Arena  မှာ ကျင်းပတဲ့ ကမ္ဘာဂီတလောက ထဲက နာမည်ကျော် စတားတွေ တက်ရောက်တဲ့ BBMA ဆုပေးပွဲကို တက်ရောက်နေတာဖြစ်ပါတယ်။ သူတို့ မနှစ်က ရရှိခဲ့တဲ့ Top Social Artist ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီးတဲ့နောက် အခုလိုမျိုးနှစ်စဉ်ကျင်းပတဲ့ ပွဲအခမ်းအနားကို ဒုတိယအကြိမ်မြောက် အဖြစ် ဖိတ်ကြားခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

bts bbmas 2018


အဲဒီပွဲမှာတော့ ဒီနှစ်အတွက် Top Social Artist ဆုကို BTS အဖွဲ့က ရရှိတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီဆုကို Billboard ရဲ့ ဝက်ဘ်ဆိုက်နဲ့ တွစ်တာမှာရှိတဲ့ ပရိသတ်တွေရဲ့ မဲပေးမှု ရလဒ်နဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့သူတွေကတော့ ဂျက်စတင်ဘီဘာ၊ အရီနာဂရန်ဒီ၊ ဒယ်မီလိုဗာတို နဲ့ Shawn Mendes တို့ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ BTS အဖွဲ့ Top Social Artist ဆုကို မရရှိခဲ့မီမှာတော့ ဂျက်စတင်ဘီဘာက ဆုကို စတင်မိတ်ဆက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စလို့ နှစ်တိုင်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 


အဲဒီဆုကို လက်ခံရရှိတဲ့အချိန်မှာပဲ အဖွဲ့ခေါင်းဆောင် RM က “ ဒီလိုမျိုးအဖိုးတန်ဆုကို ဒုတိယအကြိမ်မြောက် ထပ်မံပေးအပ်တဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်၊ ဒီတစ်ကြိမ်မှာတော့ Social ဆိုတာက ကျွန်တော်တို့ အတွက် ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို စဉ်းစားဖို့ အခွင့်အရေးရခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ ပရိသတ်အချို့ကတော့ ကျွန်တော်တို့ရဲ့ ဂီတက သူတို့ရဲ့ ဘဝတွေကို တကယ့်ပဲ ပြောင်းလဲ သွားစေခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ ပြီးတော့ အခုတော့ ကျွန်တော်တို့ရဲ့ စကားလုံးတွေက တကယ့်ကိုပဲ ခွန်အားတွေ သယ်ဆောင်လာတယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်လိုက်ပါပြီ၊ ပြီးတော့ ARMY တို့ရေ၊ မင်းတို့ရဲ့ စကားလုံးတွေက ငါတို့ကို ရှေ့ဆက်လျှောက်စေပြီး ဆက်လက်ကြိုးစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။


soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top