Banner Top

Member Area

လာမယ့်လတွင် ကျင်းပမည့် Billboard Music Awards ဆုပေးပွဲတွင် သီချင်းသစ် BTS အဖွဲ့ ဖျော်ဖြေမည်

BTS အဖွဲ့ဟာ လာမယ့်လမှာ ကျင်းပမယ့် Billboard Music Awards ဆုပေးပွဲမှာ ပထမဆုံး ဖျော်ဖြေမယ့် kpop အနုပညာရှင်အနေနဲ့ ဖျော်ဖြေတင်ဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ရဲ့ တရားဝင် တွစ်တာအကောင့်မှာ အဲဒီသတင်းကို ကြေညာခဲ့ရာမှာတော့ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့အဖွဲ့ဟာ ဖျော်ဖြေသူအနေနဲ့ Billboard ဂီတဆုပေးပွဲမှာ ဖျော်ဖြေသူအနေနဲ့ Single သီချင်းနဲ့ ပွဲဦးထွက်လာမယ်လို့ ဆိုပါတယ်။



အဖွဲ့ဟာ ဒုတိယမြောက်နှစ်အနေနဲ့ Top Social Artist ဆုအတွက် ဆန်ခါတင်လျာထားခြင်းလည်း ခံထားရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ အမေရိကန်ထိပ်တန်းအဆိုတော်တွေ ဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ အရီနာ ဂရန်ဒီတို့ကို ကျော်လွန်ပြီး ဆုရရှိခဲ့ပါတယ်။ အခုဖျော်ဖြေပွဲမတိုင်မီ နှစ်ရက်အလိုမှာ အဖွဲ့ဟာသူတို့ရဲ့ တတိယမြောက် ပုံမှန် အယ်လ်ဘမ်ဖြစ်တဲ့ "Love Yourself: Tear" ကိုလည်း ဖြန့်ချိမှာဖြစ်တယ်လို့ ဆိုပါတယ်။

BTS G

အဲဒီဆုပေးပွဲကို လတ်စ်ဗေးဂတ်စ်မြို့မှာရှိတဲ့ MGM Grand မှာ ကျင်းပမှာဖြစ်ပြီး မေ ၂၀ ရက်မှာ NBC ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ အဲဒီပွဲမှာ အခြားဖျော်ဖြေမယ့်သူတွေကတော့ Dua Lipa, Camila Cabello နဲ့ Shawn Mendes တို့ပါဝင်ကြပါတယ်။

Yonhap

ဆက်စပ်နေသော ရေးသားချက်များ

Banner Top