Banner Top

Member Area

GOT7 အဖွဲ့ဝင် Youngjae နဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်လိုက်တဲ့ JYP

  •  mpc
  • Category: News

မကြာသေးခင်က GOT7အဖွဲ့ဝင် Youngjae ဟာ မှာတက်နေစဉ်က မသန်စွမ်းဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်ကို အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

Youngjae ဟာဆိုရင် ဆိုးလ်မှာရှိတဲ့ ကိုရီးယားအနုပညာအထက်တန်းကျောင်း ကိုမပြောင်းခင် မို့ဖို နည်းပညာအထက်တန်းကျောင်း မှာတက်ရောက်ခဲ့တာပါ။

သူဟာအထက်တန်းတက်နေစဉ်မှာ ကျောင်းသားတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပို့စ်ဟာ အောက်တိုဘာလ ၂၀ ရက်နေ့ ကစပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာလည်း ဖြစ်ပါတယ်။ ဒီပို့စ်ကိုရေးသားထားတဲ့ သူကတော့ သူဟာ မို့ဖို နည်းပညာအထက်တန်းကျောင်း မှာတက်စဉ်က Youngjaeနဲ့ အတူတူကျောင်းသွားခဲ့တဲ့ အကြားအာရုံနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပိုစတာမှာတော့ သူက Youngjae ရဲ့ ရိုက်နှက်ခြင်းကို ခံရကြောင်းနဲ့ Youngjae ကသူ့ကို ခြိမ်းခြောက်ပြီး ငွေတောင်းကြောင်း ဖော်ပြထားပါတယ်။ JYP အင်တာတိန်းမန့်ကတော့ Youngjae နဲ့ပတ်သက်တဲ့ အခြေအနေတွေကို စစ်ဆေးသွားမယ်လို့ လျင်လျင်မြန်မြန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုဆိုရင် JYPအင်တိန်းမန့်က Youngjae ဟာဆိုရင် စွပ်စွဲထားတဲ့သူနဲ့ သဘောထားကွဲလွဲမှုတွေ တကယ့်ကိုကြုံခဲ့ရတယ်လို့ ဝန်ခံခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကို ကြုံတွေ့ခဲ့ရပြီး ပြန်လည်သင့်မြတ်ခြင်းမရှိဘဲ ကျောင်းပြောင်းရွှေ့ခဲ့တာလုပ်ခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ အနိုင်ကျင့်ခြင်းလိုမျိုး အသေးစိတ်အချက်အလက်တွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် စွပ်စွဲထားသူက ကုမ္ပဏီကို ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကို JYPအင်တာတိန်းမန့်ဘက်က ပြန်လည် ချေပထားပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။ စွပ်စွဲထားတဲ့သူဘက်ကတော့ ဒီကြေညာချက်နဲ့ပတ်သက်လို့ ပြန်လည်တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။

JYP အင်တာတိန်းမန့်ရဲ့ ကြေညာချက်အပြည့်အစုံကတော့

 

"JYP အင်တာတိန်းမန့်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ Youngjae နဲ့ ဆွေးနွေးခဲ့ပါတယ်။ အနုပညာရှင်နဲ့ ကျွန်တော်တို့ရဲ့ အတည်ပြုချက်အရ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပွားခဲ့ပြီး သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း မူရင်းပို့စ်ပိုင်ရှင် ရေးသားထားတဲ့ အသေးစိတ်အချက်အလက်တွေကတော့ မှားယွင်းနေပါတယ်။ ပြီးတော့ မူရင်းပို့စ်ပိုင်ရှင်က ကျွန်တော်တို့ကုမ္ပဏီကို ဒီကိစ္စနဲ့ပတ်သက်လို့ အီးမေးလ်ပို့ခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကို အီးမေးလ်ရောက်ရှိလာခြင်းမရှိသလို ဆက်သွယ်လာခြင်းမျိုးလည်း မရှိပါဘူး။ ကျွန်တော်တို့ဘက်က မူရင်းပို့စ်ပိုင်ရှင်ကို အခြေအနေမှန်နဲ့ပတ်သက်လို့ စုံစမ်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ကျွန်တော်တို့ အခုချိန်ကစပြီးအခြေအနေမှန်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်"

လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

#mpc

ဆက်စပ်နေသော ရေးသားချက်များ

  • GOT7 အဖွဲ့ဝင် ဂျင်ယောင်းက BH အင်တာတိန်းမန့်နဲ့ လက်မှတ်ထိုးဖို့ဆွေးနွေးနေ

    GOT7 အဖွဲ့ဝင် ဂျင်ယောင်းဟာ BH အင်တာတိန်းမန့်နဲ့ လက်တွဲဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် JYP အင်တာတိန်းမန့်က ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

  • Youngjae ရဲ့ကိစ္စနဲ့ပတ်သက်လို့ အင်တာနက်အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်များ

    mpcမကြာသေးခင်က GOT7 အဖွဲ့ဝင် Youngjae ဟာ အထက်တန်းကျောင်းတက်စဉ်က မသန်စွမ်းဖြစ်နေတဲ့ကျောင်းသားတစ်ယောက်ကို ရိုက်နှက်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

  • နိုဝင်ဘာလမှာ အယ်လ်ဘမ်အသစ်ဖြန့်ချိမယ့် GOT7 အဖွဲ့

    GOT7 အဖွဲ့ဟာ မကြာခင် ဂီတလောကထဲပြန်လာတော့မှာလည်း ဖြစ်ပါတယ်။

  • ဖျော်ဖြေပွဲမှာ ပရိသတ်တွေ အတွက် စိုးရိမ်လို့ ပွဲဦးထွက်ခဲ့ပြီးကတည်းက ပထမဆုံးငိုခဲ့တဲ့ BamBam

    GOT7 အဖွဲ့ရဲ့ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ နောက်ဆုံးနေ့မှာ BamBam ရဲ့ ချစ်စဖွယ် မျက်ရည်တွေ ကြောင့် iGOT7 တွေဟာ ရယ်မောပျော်ရွှင်ခဲ့ရပါတယ်။ ဖျော်ဖြေပွဲ နောက်ဆုံးရက်မှာ BamBam က “ကျွန်တော်တို့ အတွက်အစား မင်းတို့ကိုယ်မင်းတို့ အလုပ်တွေလုပ်ကြလိမ့်မယ်လို့ တကယ့်ကိုပဲ မျှော်လင့်ပါတယ်။

  • လာမယ့် ဇွန်လမှာဂျပန် Single သီချင်းဖြန့်မယ့် GOT7

    GOT7 အဖွဲ့ဟာလာမယ့် ဇွန်လမှာ"The New Era"အမည်ရှိတဲ့ ဂျပန် Single သီချင်းတစ်ပုဒ်ကို ဖြန့်ချိမှာ ဖြစ်ပြီးအဲဒီသီချင်းကိုပရိုမိုးရှင်းလုပ်ဖို့ ဂျပန်နယ်လှည့်ပွဲကိုလည်း ပြုလုပ်မှာဖြစ်တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီကဧပြီ ၂၆ ရက်မှာပြောကြားလိုက်ပါတယ်။ အဲဒီသီချင်းပါဝင်တဲ့ နာမည်တူအယ်လ်ဘမ်ဟာလည်းမေ ၇ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီးအဖွဲ့ဝင် ၇ ဦးရဲ့ ရင့်ကျက်တဲ့ ပုံစံနဲ့ ယောကျာ်းပီသတဲ့အလှတရားကို မြင်တွေ့ရမယ့် ဟစ်ဟော့ပ်သီချင်း ဖြစ်တယ်လို့ JYP အင်တာတိန်းမန့်ကဆိုပါတယ်။

  • သတ်မှတ်လူအရေအတွက် ပြည့်မီသွားသောကြောင့် စစ်မှုထမ်းဆောင်ခြင်းမှ BamBam ကင်းလွတ်ခွင့်ရ

    GOT7 အဖွဲ့ဝင် BamBam ဟာ စစ်မှုတာဝန်ထမ်းဆောင်ရတော့မှာမဟုတ်ပါဘူး။

     

    ထိုင်းစစ်တပ်အတွက် လူသစ်စုဆောင်းဖို့ရာ နှစ်စဉ်ဧပြီလတိုင်း ဒေသတစ်ခုချင်းဆီမှာ မဲနှိုက်ပွဲတွေကို ကျင်းပကြပါတယ်။ တကယ်လို့ ကတ်သေတ္တာထဲက မဲနှိုက်တဲ့အခါ အနီရောင် ရရှိခဲ့တယ်ဆိုရင် နှစ်နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အနက်ရောင်ဆိုရင်တော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို မဲနှိုက်မယ့်အစား စစ်မှုထမ်းဖို့ ကိုယ်တိုင်လည်း ဆန္ဒပြုနိုင်ပါတယ်။ GOT7 အဖွဲ့ဝင် BamBam ဟာ စစ်မှုတာဝန်ထမ်းဆောင်ရတော့မှာမဟုတ်ပါဘူး။ ထိုင်းစစ်တပ်အတွက် လူသစ်စုဆောင်းဖို့ရာ နှစ်စဉ်ဧပြီလတိုင်း ဒေသတစ်ခုချင်းဆီမှာ မဲနှိုက်ပွဲတွေကို ကျင်းပကြပါတယ်။ တကယ်လို့ ကတ်သေတ္တာထဲက မဲနှိုက်တဲ့အခါ အနီရောင် ရရှိခဲ့တယ်ဆိုရင် နှစ်နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အနက်ရောင်ဆိုရင်တော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို မဲနှိုက်မယ့်အစား စစ်မှုထမ်းဖို့ ကိုယ်တိုင်လည်း ဆန္ဒပြုနိုင်ပါတယ်။ 

    ဒီကနေ့ ဧပြီ ၉ ရက်မှာပဲ BamBam ဟာ အဲဒီမဲနှိုက်တဲ့ အစီအစဉ်မှာပါဝင်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုမှာလည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဲမနှိုှုက်ခင်မှာ လူသစ်စုဆောင်းဖို့ လိုအပ်တဲ့ပမာဏ ရရှိသွားခဲ့ပါတယ်။ အဲဒါကြောင့် သူဟာ သေတ္တာထဲကနေ မဲနှိုက်စရာမလိုတော့ပါဘူး။ ဧပြီ ၁ ရက်တုန်းကတော့ NCT အဖွဲ့ဝင် Ten ဟာ ကျန်းမာရေးကြောင့် စစ်မှုထမ်းဆောင်တာကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။


    soompi

Banner Top