Banner Top

Member Area

မကြာမီထွက်ရှိလာတော့မယ့် အယ်လ်ဘမ် ကြိုတင်မှာယူမှုအရေအတွက် စံချိန်သစ်တင်နိုင်ခဲ့တဲ့ BTS

BTS အဖွဲ့ဟာမကြာမီထွက်ရှိလာတော့မယ့် “Love Yourself: Tear”အတွက် ကြိုတင်မှာယူမှု စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အယ်လ်ဘမ်သစ်ကို ဖြန့်ချိဖို့ လုပ်ဆောင်နေတဲ့ iriverရဲ့အဆိုအရ“Love Yourself: Tear”အယ်လ် ဘမ်ဟာဧပြီ ၂၄ ရက်မှာ ကြိုတင်မှာယူမှု ၁၄၄၉၂၈၇ အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာကိုရီးယားမှာရှိတဲ့ လက်ကားရောင်းချသူများနဲ့ လက်လီရောင်းချသူများကမှာယူတဲ့ ကြိုတင်မှာယူမှုစာရင်းသာဖြစ်ပြီး နိုင်ငံတကာကနေမှာ ယူတဲ့ အရေအတွက် မပါဝင်သေးဘူးလို့ဆိုပါတယ်။



ဒါဟာသူတို့ရဲ့ မီနီအယ်လ်ဘမ် “Love Yourself: Her”ကို ၂၀၁၇ ခုနှစ် သြဂုတ်လမှာမဖြန့်ချီခင် ရရှိခဲ့တဲ့ မှာယူမှုအရေအတွက် ၄ သိန်းစံချိန်နဲ့ ကြိုတင်မှာယူမှု အရေအတွက် ၁၀၅၁၅၄၆ ကိုကျော်လွန်ခဲ့တာဖြစ်ပါတယ်။

BTS8

BTS အဖွဲ့ဟာမကြာသေးခင်ကပဲအယ်လ်ဘမ်အတွက် ကြိုတင်မှာယူမှုကိုဖွင့်ပေးခဲ့ပြီးတဲ့နောက် Amazon ရဲ့CDs & Vinyl Best Sellersစာရင်းမှာထိပ်ဆုံးရောက်ခဲ့ပြီးဧပြီ ၂၄ ရက် သီတင်းပတ်အတွက် စာရင်းမှာလည်းနံပါတ် ၁ အဖြစ် ဆက်လက်ရပ် တည်နေခဲ့ပါတယ်။ အဖွဲ့ဟာသူတို့ရဲ့ တတိယမြောက်အယ်လ်ဘမ် “Love Yourself: Tear”ကိုမေ ၁၈ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီး လတ်စ်ဗေးဂတ်မြို့မှာမေ ၂၀ ရက်ကျရင် ကျင်းပမယ့် 2018 Billboard Music Awardsမှာပထမဆုံးအကြိမ်သူတို့ရဲ့ Comeback ဖျော်ဖြေမှုကိုစတင်မှာ ဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top