Logo
Print this page

Melon Charts ရဲ့ ထိပ်ဆုံးနေရာက BTS ရဲ့ “Dynamite” ကို ဖယ်ရှားလိုက်တဲ့ သီချင်း

အဲ့ဒီသီချင်းကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။

BTS အဖွဲ့ရဲ့ “Dynamite” သီချင်းဟာ Melon ဇယားရဲ့ ထိပ်ဆုံးမှာ အချိန်တော်တော်ကြာရှိနေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လမှာ ဖြန့်ချိခဲ့ပြီးတဲ့နောက် ၃ လနီးပါးအကြာအကြာအထိ ပထမဆုံးနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာတော့ အဲ့ဒီသီ်ချင်းဟာ ထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရပါတော့တယ်။

ewf gwerfgewfe

ထိပ်ဆုံးကိုရောက်လာတဲ့သီချင်းကတော့ နဝမမြောက် Show Me The Money အစီအစဉ်ထဲက Mirani, Munch Man, Khundi Panda နဲ့ MUSH VENOM တို့သီဆိုထားကြတဲ့ 'VVS' ဆိုတဲ့သီချင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ သံစဉ်နဲ့အတူ Mirani ရဲ့ ချောမွေ့တဲ့အသံနဲ့ ပရိသတ်တော်တော်များများရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီသီချင်းလေးကို အောက်မှာလည်း နားဆင်နိုင်ပါတယ်။

 

အင်တာနက်အသုံးပြုသူတွေကတော့ အဲ့ဒီသီချင်းကို အကောင်းမြင်ဘက်ကနေ ရှုမြင်သုံးသပ်နေကြပါတယ်။

မှတ်ချက်တွေထဲမှာ 'သီချင်းလေးက တော်တော်ကောင်းတာပဲ။' 'GroovyRoom ဟာ တကယ့်ကိုပဲ အရည်အချင်းရှိတာပဲ။' 'သီချင်းလေးက တော်တော်ကောင်းတယ်။ Live ဗားရှင်းက နားထောင်လိုက်မယ်ဆိုရင် ပိုကောင်းတယ်။" ဆိုတာတွေကို တွေ့ရပါတယ်။

တခြားသတင်းတစ်ပုဒ်မှာတော့ BTS အဖွဲ့ဟာ “Dynamite” သီချင်းနဲ့ အောင်မြင်ပြီးတဲ့နောက်ပိုင်းမကြာသေးမီကမှ Comeback အယ်လ်ဘမ်တစ်ခုကို ဖြန့်ချိထားပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!