Logo
Print this page

aespa ရဲ့ MV ထဲက ပုံတူကူးချထားတယ်လို့ဆိုတဲ့ ဇာတ်ဝင်ခန်းအပေါ် မူရင်းအနုပညာရှင်ရဲ့ တုံ့ပြန်ချက်

SM အင်တာတိန်းမန့်ဟာ aespa အဖွဲ့ရဲ့ အသစ်ထွက်လာမယ့် ဂီတဗီဒီယို 'Black Mamba' နဲ့ပတ်သက်လို့ ပုံတူကူးချမှုဆိုင်ရာ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပြီး အခုတော့ မူရင်းအနုပညာရှင်ရဲ့ တုံ့ပြန်ချက်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ဂီတဗီဒီယိုနဲ့ မူရင်းအနုပညာရှင်ရဲ့ ဖန်တီးမှုအကြား တူညီမှုတွေကို ပရိသတ်တွေက တွေ့ရှိခဲ့ပါတယ်။

1605492800214 0

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ SM အင်တာတိန်းမန့်ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ aespa အဖွဲ့ပွဲဦးထွက်သီချင်း 'Black Mamba' အတွက် အမြည်းဗီဒီယိုကို ဖြန့်ချိခဲ့ပါတယ်။ ဖြန့်ချိပြီးတဲ့နောက် အဲ့ဒီဗီဒီယိုဟာ တော်တော်လေးကို လူပြောများခဲ့ပြီးဆိုရှယ်မီဒီယာတွေပေါ်မှာလည်း Trend ဖြစ်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ သူတို့စိတ်လှုပ်ရှားတဲ့အကြောင်း ထုတ်ဖော်ပြောဆိုကြသလို ဂီတဗီဒီယိုရဲ့ Concept အကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် နှစ်နာရီလောက်ကြာပြီးတဲ့နောက် ဂီတဗီဒီယိုထဲက အထူးပြုလုပ်ချက်တွေဟာ Timo Helgert လို့အမည်ရတဲ့ ဂျာမန် Visual အနုပညာရှင်တစ်ဦးရဲ့ ဖန်တီးမှုနဲ့ ဆင်တူနေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ ပန်းတွေပြည့်နေတဲ့ ရထားထဲမှာ မြွေကြီးတစ်ကောင်ဖြတ်သွားတဲ့ အထူးပြုလုပ်ချက်လည်း ဖြစ်ပါတယ်။

Timo Helgert ကတော့ သူ့ရဲ့ အင်စတာဂရမ်မှာ အခုနှစ်အစောပိုင်းတုန်းက အလားအတူ ဖန်တီးမှုကို တင်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ ဖြေရှင်းအတည်ပြုပေးဖို့ သူ့ကို ဆက်သွယ်ခဲ့ကြပြီး Timo Helgert က အင်စတာဂရမ်စတိုရီကနေတဆင့် အခုလို ရေးသားခဲ့ပါတယ်။

rg fgefefef

"ကျနော် မက်ဆေ့ချ်တော်တော်များများရတယ်။ သူတို့က ကျနော့်ကို မမေးခဲ့ဘူး။ ကျနော်အဲ့ဒီအတွက်လည်း အလုပ်လုပ်ခဲ့တာမဟုတ်ဘူး။ သူတို့က ကော်ပီယူထားတဲ့ပုံပါပဲ။"

ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းအသစ်တွေသိရရင်လည်း တင်ပေးပါမယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!