Logo
Print this page

Big Hit ကုမ္ပဏီလက်အောက်မှ အနုပညာရှင်များ နှစ်ကုန်ပူးတွဲဖျော်ဖြေပွဲ ပြုလုပ်မည်

Big Hit ကုမ္ပဏီက သူတို့ရဲ့ အနုပညာရှင်တွေဟာ ပရီသတ်တွေနဲ့အတူ နှစ်သစ်ကူးကို ဆင်နွှဲနိုင်ဖို့ နှစ်ကုန်ပူးတွဲ ဖျောဖြေပွဲတစ်ခုကို ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။


နိုဝင်ဘာ ၁၀ ရက်နေ့မှာ Weverse ကနေ တင်ဆက်မယ့် '2021 NEW YEAR'S EVE LIVE ဖျော်ဖြေပွဲအတွက် အမြည်းပိုစတာကို Big Hit ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ပရိသတ်အသိုက်အဝန်းဖြစ်တဲ့ Weverse မှာတင်ခဲ့ပါတယ်။

201489615 1280
Big Hit ကုမ္ပဏီရဲ့အဆိုအရ Weverse ကနေ တင်ဆက်မယ့် 2021 NEW YEAR'S EVE LIVE ဖျော်ဖြေပွဲဟာ နှစ်သစ်ကူးကို countdown ရေတွက်မှု ပါဝင်မယ့် Big Hit အနုပညာရှင်တွေရဲ့ ပထမဆုံးဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ မကြာမီတင်ဆက်မယ့်အဲ့ဒီဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ လူကိုယ်တိုင်တက်ရောက်နိုင်တဲ့ ဖျော်ဖြေပွဲအစီအစဉ်နဲ့ အွန်လိုင်းတိုက်ရိုက်ထုတ်မှုအနေနဲ့ပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
အခုတော့ NU'EST နဲ့ ENHYPEN တို့ဟာ အဲ့ဒီနေ့မှာ ဖျော်ဖြေမယ့်အနုပညာရှင်တွေအဖြစ် ဖော်ပြလိုက်ပြီး နောက်ထပ် ဖျော်ဖြေမယ့် အနုပညာရှင် စာရင်းကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ထုတ်ပြန်ပေးသွားဦးမှာဖြစ်ပါတယ်။

201489613 1280
Big Hit ကုမ္ပဏီလက်အောက်မှာ မတူညီတဲ့ စီမံခန့်ခွဲရေးအေဂျင်စီလေးခုရှိပြီး Big Hit Entertainment, Source Music, PLEDIS Entertainment, BELIFT LAB တို့နဲ့ တခြားကုမ္ပဏီတွေလည်းရှိကြပါသေးတယ်။ Big Hit ကုမ္ပဏီလက်အောက်ကနေ သက်ဆိုင်ရာအေဂျင်စီတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာတော့ BTS, TOMORROW X TOGETHER, GFRIEND, NU'EST, SEVENTEEN နဲ့ ENHYPEN အဖွဲ့တို့ရှိကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!