Logo
Print this page

“RESONANCE Pt. 2” နဲ့ ပြန်လာဖို့ ပြင်ဆင်နေတဲ့ NCT

NCT အဖွဲ့ဟာ “RESONANCE Pt. 2” နဲ့ Comeback ပြန်လာဖို့ ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာ SM အင်တာတိန်းမန့်က "နိုဝင်ဘာလ၅ရက်နေ့အထိ NCT အဖွဲ့ဟာ သူတို့ရဲ့ ဒုတိယမြောက်အယ်လ်ဘမ် “RESONANCE Pt. 1” ရဲ့ ကော်ပီအချပ်ရေပေါင်း ၁၄၂၈၇၆၅ ချပ် ကိုတရားဝင်ရောင်းချခဲ့ရပြီး အဖွဲ့ရဲ့ ရောင်းအားအသစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်" လို့ကြေညာခဲ့ပါတယ်။

“RESONANCE Pt. 1” အယ်လ်ဘမ်ကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး တစ်လမပြည့်သေးခင်အချိန်မှာပဲ အထင်ကြီးလောက်စရာ ရောင်းအားကို ရရှိခဲ့တာပါ။ နောက်ဆုံး ဖြန့်ချိမှုနဲ့အတူ မြင့်မားတဲ့နေရာကို ဆက်လက်သွားဖို့အတွက် NCT အဖွဲ့ဟာ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ “RESONANCE Pt. 2” နဲ့ပြန်လာတော့မှာလည်း ဖြစ်ပါတယ်။

EmB9bFAVMAAq4zq

လာမယ့် အယ်လ်ဘမ်မှာဆိုရင် အဖွဲ့ကို အဖွဲ့ခွဲအသစ်တွေအဖြစ် ခွဲလိုက်မှာဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ အဖွဲ့ဝင် ၂၃ ယောက်ရဲ့ ထူးခြားတဲ့ ပေါင်းစပ်မှုတွေကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ Comeback ပြန်မလာခင်မှာ NCT အဖွဲ့ဟာ Twitter Blueroom ရဲ့ အထူးတိုက်ရိုက်ထုတ်လွှင့်မှုမှာ လာမယ့် အယ်လ်ဘမ်ထဲက သီချင်းအသစ်တစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို ပြောပြသွားမှာလည် ဖြစ်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၇ နာရီနဲ့ ည ၈ နာရီမှာ NCT အဖွဲ့ဝင်တွေဟာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေပေးဖို့ Q&A Live နှစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီ Live တွေမှာ ထွက်ရှိလာတော့မယ့် အယ်လ်ဘမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကိုလည်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!