Logo
Print this page

Yoo Jimin ရဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်လိုက်တဲ့ SM

မကြာသေးခင်ကပဲ SMအင်တာတိန်းမန့်ရဲ့ သင်တန်းသူ ဖြစ်တဲ့ Yoo Jimin နဲ့ ကျောင်းအတူတက်ခဲ့တဲ့သူတွေလို့ ယူဆရတဲ့သူတွေက သူနဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေကို community site တွေပေါ်မှာ ဖြန့်ခဲ့ပါတယ်။

အဲ့ဒီကောလာဟလတွေထဲမှာ သူဟာ BTS အဖွဲ့ကို စော်ကားခဲ့ရုံသာမက စီနီယာတွေဖြစ်တဲ့ NCT အဖွဲ့နဲ့ EXO အဖွဲ့တို့ကိုပါ စော်ကားပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

fefef

ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက်မှာတော့ SM အင်တာတိန်းမန့်က ကောလာဟလတွေကို ဖြေရှင်းဖို့ အရှိန်မြှင့်ခဲ့ပါတယ်။ အင်တာတိန်းမန့်ဘက်ကတော့ သူ့ရဲ့သူငယ်ချင်းတွေနဲ့ ပြောဆိုထားတဲ့ screenshotေ တွပါဝင်တဲ့ အဲ့ဒီအကြောင်းအရာဟာ လုပ်ကြံပြောဆိုထားခြင်းသာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် အင်တာတိန်းမန့်ဟာ တရားဝင်အဖွဲ့ရဲ့အကူအညီတွေ ရယူပြီး သူတို့ရဲ့ ရပ်ကွက်မှာရှိတဲ့ ရဲစခန်းတွေမှာ တရားစွဲဆိုမှုတွေ ပြုလုပ်ထားကြောင်းနဲ့ အခြေအနေကို တင်းကျပ်စွာ စောင့်ကြည့်ပြီး လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိပြုပေးခဲ့ပါတယ်။

efefefqfqwfdqdf

SM ဟာ မကြာခင်ပွဲဉီးထွက်လာမယ်လို့ ကောလာဟလတွေထွက်ပေါ်လာတဲ့ အဖွဲ့နဲ့ အင်တာတိန်းမန့်မှာရှိတဲ့ အနုပညာရှင်တွေကို ကာကွယ်ပေးဖို့ အရှိန်မြှင့်လိုက်တာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ SM အင်တာတိန်းမန့်က

"မင်္ဂလာပါ SM အင်တာတိန်းမန့်က ဖြစ်ပါတယ်။ မကြာသေးခင်က ကျွန်တော့်တို့ကုမ္ပဏီရဲ့ သင်တန်းသူ Yoo Jiminနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အွန်လိုင် းcommunity site တွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီကောလာဟလတွေဟာ လုပ်ကြံထားတဲ့ ကောလာဟလတွေ ဖြစ်တဲ့အပြင် အမုန်းတရားနဲ့သက်ဆိုင်နေတဲ့ ကောလာဟာလတွေလည်းဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့သင်တန်းသူဟာ အခြေအမြစ်မရှိတဲ့ ဝေဖန်မှုတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပါတယ်။ မကြာခင်မှာ ပွဲထွက်လာတော့မယ့်သူ ဖြစ်တာကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ အတင်းစကားတွေက သူ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေပါတယ်။ ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေ နဲ့ သင်တန်းသူတွေရဲ့ဂုဏ်သတင်းနဲ့ ပုံရိပ်တွေကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ဒီလိုမျိုးတိုက်ခိုက်မှုတွေနဲ့ ကောလာဟလတွေကို ကျွမ်းကျင်တဲ့ တရားဝင်အဖွဲ့ရဲ့ အကူအညီနဲ့ ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Kim & Chang ဉပဒေအကြံပေးကုမ္ပဏီနဲ့ စေ့စပ်ညှိနှိုင်းခဲ့ပြီး Yoo Jimin ကို ပစ်မှတ်ထားလာတဲ့ ဒီတိုက်ခိုက်မှုတွေကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဂန်နမ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ အွန်လိုင် းcommunity site တွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ထားတဲ့ အမုန်းတရားနဲ့သက်ဆိုင်တဲ့ ကောလာဟလတွေကို တင်းကျပ်စွာ ကိုင်တွယ်သွားမှာဖြစ်ပြီး လိုအပ်ရင်လိုအပ်သလို အရေးယူသွားမှာဖြစ်ပါတယ်"

လို့ထုတ်ပြန်ခဲ့ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!