Sulli ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပြီ
- Online Editor
- Category: Trend
ဒီနေ့ဟာ ကျနော်တို့ချစ်ရတဲ့ f(x) အဖွဲ့ဝင် မင်းသမီးလေး Sulli ကွယ်လွန်တာ တစ်နှစ်တင်းတင်းပြည့်ပါပြီ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ Sulli ဟာ ဂျောင်းဂီပြည်နယ်မှာရှိတဲ့သူ့ရဲ့ အိမ်မှာ သေဆုံးလျက် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သူဟာ အသက် ၂၅ နှစ်ဆိုတဲ့ ငယ်ရွယ်တဲ့ အချိန်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို Sulli သေဆုံးပြီဆိုတဲ့ ဝမ်းနည်းဖွယ်သတင်းကြောင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေဟာ အထူးဝမ်းနည်းတုန်လှုပ်ခဲ့ကြရပြီး သူ့ရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။
တစ်နှစ်ကြာခဲ့ပေမယ့်လည်း ပရိသတ်တွေဟာ ကွယ်လွန်သူ Sulli ရဲ့ သတိရတမ်းတနေကြဆဲဖြစ်ပြီး သူ့ရဲ့ ကွယ်လွန်ခြင်းအထိမ်းအမှတ် ပထမဆုံးနှစ်ပတ်လည်ကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ကျင်းပနေကြပါတယ်။ ပရိသတ်တော်တော်များများကတော့ "တစ်နှစ်တောင်ရှိခဲ့ပြီ။ အချိန်တွေ ကုန်တာ အရမ်းမြန်လိုက်တာ" ၊ "အရမ်းလွမ်းတယ်" စသဖြင့် သူ့ကို လွမ်းဆွတ်တမ်းတတဲ့အမှတ်တရစကားတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောဆိုနေကြပါတယ်။
Sulli ဟာ ၂၀၀၅ ခုနှစ်မှာ SBS ကထုတ်လွှင့်ခဲ့တဲ့ ဒရာမာတစ်ခုကနေ ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ f(x) အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ခဲ့ပြီး Kpop ဂီတလောကထဲကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူဟာ "Pinocchio" နဲ့"Chu"သီချင်းတွေကနေတဆင့် နာမည်ကျော်ကြားလာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့ပါတယ်။
ဒီနေ့မှာတော့ပရိသတ်တော်တော်များများက Sulli ကို သတိရနေကြပြီး ငြိမ်းချမ်းစွာအနားယူနေမယ်လို့ မျှော်လင့်နေကြပါတယ်။

Online Editor
ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။
Website: https://www.facebook.com/thekpoptimesဆက်စပ်နေသော ရေးသားချက်များ
-
၂၀၂၀ ပြည့်နှစ်အတွင်း SM အင်တာတိန်းမန့်ရဲ့အရောင်းရဆုံး အယ်လ်ဘမ် ၁၇ ချပ်
SM အင်တာတိန်းမန့်ဟာဆိုရင် K-Pop အနုပညာလုပ်ငန်းကို ဉီးဆောင်နေတဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီတစ်ခုပါ။
-
နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအဖြစ် ကုမ္ပဏီအဆောက်အဦကို နေရာရွှေ့ပြောင်းရန် SM ပြင်ဆင်နေဟုဆို
SM အင်တာတိန်းမန့်ဟာ မကြာခင် အဆောက်အဦအသစ်တစ်ခုကို ရနိုင်တော့မယ်လို့ သိရပါတယ်။
-
aespa အဖွဲ့ရဲ့ 'Black Mamba' သီချင်းနဲ့ ပွဲဦးထွက်မယ့်ရက်ကို SM အတည်ပြု
aespa အဖွဲ့ဟာ သူတို့ပွဲဦးထွက်မယ့်ရက်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
-
အတိတ်ရဲ့ အရိပ်လွှမ်းမိုးမှုတွေကနေ မလွတ်နိုင်သေးတဲ့ Karina
SM အင်တာတိန်းမန့်ရဲ့ အမျိုးသမီးအဆိုတော်အဖွဲ့သစ် aespa ဟာ နိုဝင်ဘာလမှာ ပွဲဦးထွက်မှာပဲ ဖြစ်ပါတယ်။
-
'aespa' မိန်းကလေးအဖွဲ့သစ်အကြောင်း SM ကြေညာ
SM အင်တာတိန်းမန့်ဟာ မကြာခင်မှာ မိန်းကလေးအဖွဲ့သစ်တစ်ခုကို စင်တင်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
-
Yoo Jimin ရဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်လိုက်တဲ့ SM
မကြာသေးခင်ကပဲ SMအင်တာတိန်းမန့်ရဲ့ သင်တန်းသူ ဖြစ်တဲ့ Yoo Jimin နဲ့ ကျောင်းအတူတက်ခဲ့တဲ့သူတွေလို့ ယူဆရတဲ့သူတွေက သူနဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေကို community site တွေပေါ်မှာ ဖြန့်ခဲ့ပါတယ်။