Banner Top

Member Area

18 Again ဒရာမာထဲက အသက် ၁၇ နှစ်ကွာတဲ့ လီဒီုယောင်းနဲ့ ကင်ဟာနူးတို့ရဲ့ အနမ်းဇာတ်ဝင်ခန်း ဝေဖန်ခံရ

အဲ့ဒီဒရာမာဟာ တော်တော်လေး လွန်သွားပြီလို့ လူတော်တော်များများက ထင်ထားကြပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ '18 Again' ဒရာမာရဲ့ အပိုင်း ၁၁ မှာ ပရိသတ်တွေတော်တော်များများဟာ မင်းသားလီဒိုယောင်းရဲ့ ဟုန်းဒယ်ယောင်းနဲ့ မင်းသမီး ကင်ဟာနူးရဲ့ ဂျောင်ဒါဂျောင်း ဇာတ်ကောင်နှစ်ဦးတို့ကြား မျှော်လင့်မထားတဲ့ အနမ်းဇာတ်ဝင်ခန်းတစ်ခုကို မြင်တွေ့မိပြီး အဲ့သြခဲ့ကြရပါတယ်။ အဲ့ဒီဒရာမာမှာ ဟုန်းဒယ်ယောင်းဟာ အတိတ်က လူငယ်ပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့ပြီးတော့ ဇနီး ဂျောင်ဒါဂျောင်းထက် ငယ်ရွယ်တဲ့ပုံစံ ဖြစ်နေခဲ့တာပါ။

1603763532253 1
သူတို့ရဲ့ ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းကို သရုပ်ဖော်ဖို့ လီဒီုယောင်းနဲ့ ကင်ဟာနူးတို့ဟာ အနမ်းဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်ခဲ့ကြပါတယ်။

1603763537744 0
ကံမကောင်းစွာနဲ့ဘဲ အဲ့ဒီဇာတ်ဝငခန်းဟာ ပြသဖို့မသင့်လျော်ဘူးဆိုပြီး လူအများစုက ထင်မြင်ယူဆနေကြပါတယ်။ သူတို့သရုပ်ဆောင်နှစ်ဦးရဲ့ အသက်ကွာခြားမှုအရရော၊ ဟုန်းဒယ်ယောင်းဟာ ဂျောင်ဒါဂျောင်းကို နမ်းတဲ့အချိန်မှာ အထက်တန်းကျောင်းသားသာရှိနေသေးတာကြောင့်ရော ဝေဖန်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။


တစ်ဖက်မှာတော့ ဒါဟာ စိတ်ကူးယဉ်ဒရာမာ သက်သက်သာဖြစ်ပြီး လူတွေအနေနဲ့ အရာရာတိုင်းကို အလေးအနက်သဘောမထားသင့်ဘူးလို့ ဆိုပြီး ပရိသတ်တွေကတော့ မင်းသားနဲ့ မင်းသမီးဘက်ကနေ ကာကွယ်ပြောဆိုနေကြပါတယ်။

ကဲသင်တို့ရော အဲ့ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်လို့ ဘယ်လိုယူဆပါသလဲ။ မှတ်ချက်ပေးသွားခဲ့နိုင်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top