Logo
Print this page

လီဂွမ်ဆူနဲ့တူတဲ့ Wen Yuching က Running Man အစီအစဉ်မှာ ပါဝင်ချင်တယ်လို့ပြော

သူက လီဂွမ်ဆူနဲ့အဲ့ဒီအစီအစဉ်မှာ ဆုံတွေ့ချင်နေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ Ilgan Sports မီဒီယာကနေ ကိုရီးယားမှာ ပွဲဦးထွက်ဖို့ ပြင်ဆင်နေတဲ့ တရုတ်အမျိုးသားအဖွဲ့ C.T.O နဲ့အင်တာဗျူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ဝင် YC (Wen Yuching) က "တကယ်လို့များ အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ကျနော်က ကိုရီးယားရသစုံအစီအစဉ်တစ်ခုမှာ ပါဝင်ချင်ပါတယ်။ ကျနော်က စီနီယာလီဂွမ်ဆူနဲ့အတူတူ ရသစုံအစီအစဉ်မှာ ပါဝင်နိုင်မယ်ဆိုရင် ကောင်းမှာပါ။" လို့ဆိုပါတယ်။

1606276047206 1606276047206

သူကဆက်ပြီး "လူတွေက ကျနော်တို့ရဲ့တူညီမှုအကြောင်း အွန်လိုင်းပေါ်မှာ ပြောနေကြတယ်ဆိုတာကို သိပါတယ်။ ကျနော်သာ Running Man အစီအစဉ်မှာ ပါဝင်နိုင်ခဲ့မယ်ဆိုရင် ဂုဏ်ယူမိမှာပါပဲ။ တကယ့်ကိုပဲ နာမည်ကျော်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေက ကျနော့်ရဲ့ ဓာတ်ပုံနဲ့ပတ်သက်လို့ စီနီယာ လီဂွမ်ဆူရဲ့ တုံ့ပြန်ချက်အကြောင်း ဆောင်းပါးတွေကို မျှဝေပေးကြပါတယ်။" လို့လည်း ဆိုပါတယ်။

feffef effef

တခြားအဖွဲ့ဝင်တွေကတော့ "ကျနော်တို့ အဲ့ဒီအစီအစဉ်မှာ သူ့ဓာတ်ပုံလေးပဲ ပါလာတာကိုတောင် ဂုဏ်ယူတယ်လို့ ခံစားမိပါတယ်။ အနည်းဆုံး ကျနော်တို့ အဲ့ဒီအကြောင်း တခြားသူတွေကို ပြောလို့ရတာပေါ့။" လို့ဆိုပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!