Banner Top

Member Area

လီဂွမ်ဆူနဲ့တွေ့ဖို့က သူ့ရဲ့အိပ်မက်ပါလို့ပြောခဲ့တဲ့ Yuching

  •  BB
  • Category: Trend

The Kpop Times ရဲ့ ပရိသတ်ကြီးရဲ့ အာရှမင်းသားလေး လီဂွမ်ဆူနဲ့တူတယ်လို့နာမည်ကြီးသွားတဲ့ လေ့ကျင့်သူလေး Yuching ကိုမှတ်မိသေးရဲ့လား။

ထိုင်ဝမ်အိုင်ဒေါအဖွဲ့ C.T.O ရဲ့ အဖွဲ့ဝင်လေးလေ။


သူက အောက်တိုဘာ ၁၉ရက်နေ့မှာတော့ သူ့ရဲ့ အင်စတာဂရမ်မှာ မြို့တွင်းမှာနံရံပေါ်လျှောက်ပြီးပုံဆွဲထားတဲ့နံရံရှေ့မှာ ပို့စ်ပေးနေတဲ့ပုံရယ် ကော်ဖီခွက်ကိုင်ထားတဲ့ပုံရယ်ကိုတင်ပြီး


"နောက်ဆုံးတော့ကိုးရီးယားကိုရောက်လာပြီ။ကျွန်တော့်ဆန္ဒက အာရှမင်းသားလေး စီနီယာ လီဂွမ်ဆူကိုတွေ့ဖို့ပါ။ စီနီယာ လီဂွမ်တူရေ ကျွန်တော်တွေ့ချင်နေပါတယ်"


ဆိုပြီးရေးထားတာပါ။

1603168749 20201020 cto

မကြာသေးခင်က Yuching ဟာ Idol survival အစီအစဉ်တစ်ခုမှာ လေ့ကျင့်သူဖြစ်နေတုန်းကသူက လီဂွမ်ဆူနဲ့တူတယ်ဆိုပြီး နာမည်ကြီးနေတာပါ။
သူဟာ ၂၀၁၈ ခုနှစ် က စတင်ပွဲဦးထွက်ခဲ့တဲ့ C.T.O ရဲ့ အနိုင်ရသူခြောက်ယောက်ထဲကတစ်ယောက်အဖြစ်အရွေးခံခဲ့ရတာပါ။

C.T.O အဖွဲ့ဝင်တွေဟာဒီလအစောပိုင်းထဲကကိုးရီးယားကိုရောက်နေကြတာဖြစ်ပြီး ကိုးရီးယားမှာပထမဆုံးဖြစ်တဲ့ 'C.T.O Project:The Survival' ဆိုတဲ့ ရသစုံစီးရီးအတွက် MBC M/MBC every 1 တို့နဲ့လက်တွဲလုပ်ဆောင်နေတာပါ။ 'C.T.O Project:The Survival' ဟာဒီနှစ်အတွင်းထုတ်လွှင့်နိုင်ချေရှိပါတယ်။

Yuching က လီဂွမ်ဆူနဲ့တူတုန်းပဲလို့ပရိသတ်ကြီးရောထင်သေးရဲ့လား။

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top