Warning
  • JUser: :_load: Unable to load user with ID: 935
  • JUser: :_load: Unable to load user with ID: 936

Banner Top

Member Area

'The Guinness World Records 2018 Edition' မှာ ပါဝင်လာခဲ့တဲ့ EXO အဖွဲ့

ကမ္ဘာ့ဂရင်းနစ်စံချိန်တင်မှတ်တမ်းများ စာအုပ် 2018 ကို သြဂုတ် ၂၉ ရက်မှာပဲ တရားဝင်ဖြန့်ချိလိုက်ပါပြီ၊ ထူးခြားတဲ့ ဆုတွေထဲမှာ EXO ဟာ 'Mnet Asia Music Awards' ဆုပေးပွဲမှာ Daesang ဆုအများဆုံးပိုင်ဆိုင်တဲ့ အနုပညာရှင်ဖြစ်တာလာပါ။

ဂျန််နာရာနှင့် ဆွန်းဟိုဂျွန်းတို့ 'Confession Couple' အမည်ရှိ ဒရမ်မာတွင်ပါဝင်မည်ဟု အတည်ပြု

ဂျန်နာရာနဲ့ ဆွန်းဟိုဂျွန်းတို့ဟာ KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ဒရမ်မာတစ်ခုမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သြဂုတ် ၃၀ ရက်မှာပဲ KBS ရုပ်သံလိုင်းက အတည်ပြုထားပါတယ်။

၇ နှစ်ကြာပြီးနောက် SidusHQ အေဂျင်စီကနေ နုတ်ထွက်လိုက်ကြောင်း ကင်ဆိုယောင်း အတည်ပြု

ကင်ဆိုယောင်းဟာ သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ SidusHQ ကနေ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ သြဂုတ် ၃၁ ရက်မှာ သူ့ရဲ့ စီမံခန့်ခွဲမှုကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးမှုတွေကို တော်တော်များများလုပ်ပြီးတဲ့နောက်မှာ အခုလိုမျိုးသဘောတူခဲ့ကြတာဖြစ်တယ်လို့ SidusHQ က အတည်ပြုလို်က်ပါတယ်။ အေဂျင်စီက အခုလိုမျိုး ပြောထားပါတယ်။

ဂျပန်ဝတ္ထုကို အခြေခံရိုက်ကူးမည့် ရုပ်ရှင်တွင် ဆိုဂျီဆပ်နှင့် ဆွန်းယယ်ဂျင်းတို့ ပါဝင်မည်ဟု အတည်ပြု

ဆိုဂျီဆပ်နဲ့ ဆွန်းယယ်ဂျင်းတို့ဟာ ၁၆ နှစ်ကြာပြီးတဲ့နောက် ရုပ်ရှင်တစ်ခုတည်းမှာ အတူတွဲသရုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်၊ အဲဒီရုပ်ရှင်ကိုတော့ “I’m on My Way to Meet You” လို့ လောလောဆယ်အမည်ပေးထားပြီးတော့ ဒီဇာတ်လမ်းမှာ ကင်ဂျီဟွမ်၊ ဂိုချန်းဆော့၊ လီဂျွန်းယော့၊ ဆွန်းယောအွန်း၊ လီယူဂျင်၊ ကင်ယောင်ဆူးနဲ့ ဘေယူရမ်တို့ ပါဝင်ထားကြပါတယ်။ ရိုက်ကူးရေးကိုတော့ သြဂုတ် ၁၂ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

“While You Were Sleeping” ဇာတ်လမ်းတွဲ လူကြည့်နှုန်းနဲ့ပတ်သက်လို့ မစိုးရိမ်တဲ့ လီဂျောင်ဆော့

မင်းသား လီဂျောင်ဆော့ဟာ ဆူဂျီနဲ့အတူ တွဲပြီးသရုပ်ဆောင်ထားတဲ့ “While You Were Sleeping” ဇာတ်လမ်းတွဲနဲ့ပတ်သက်လို့ ပြောကြားပေးခဲ့ပါတယ်။ Biz Enter နဲ့ ပြုလုပ်ခဲဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ စက်တင်ဘာလထဲဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ ဒရမ်မာနဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကို ပြောပြပေးခဲ့ပါတယ်။

ဘေယောင်ဂျွန်းနှင့် ပတ်ဆူဂျင်းတို့ ဒုတိယမြောက်ရင်သွေးရရှိတော့မည်

သြဂုတ် ၂၃ ရက်မှာ ဘေယောင်ဂျွန်းနဲ့ ပတ်ဆူဂျင်းတို့ဟာ ဒုတိယမြောက်ရင်သွေးကို ရရှိတော့မှာ ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်၊ မင်္ဂလာသက်တမ်း ၂ နှစ်ကြာပြီးတဲ့နောက် သူတို့အတွက် သတင်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

2PM အဖွဲ့ဝင် ဂျွန်ဟို ဝန်းဂျင်အာနှင့်အတူ ဒရမ်မာတစ်ခုတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မည်

2PM အဖွဲ့ဝင် ဂျွန်ဟိုဟာ သူရဲ့ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ဒရမ်မာတစ်ခုမှာ ပါဝင်တော့ မှာဖြစ်ပါတယ်။ သူဟာ တက်သစ်စ မင်းသမီး ဝန်းဂျင်အာနဲ့အတူ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “Just in Love” လို့အမည်ရတဲ့ ဒရမ်မာမှာ ပါဝင်မယ်လို့ သြဂုတ် ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။ လူတွေက ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးနိုင်တဲ့ဆိုတဲ့အကြောင်းနဲ့ အချစ်ဟာ ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကို ကုစားပေးနိုင်တယ်ဆိုတဲ့ အကြောင်း သတင်းစကားပါးမယ့် ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။

ယူအာအင်းနှင့်အတူ ရုပ်ရှင်အသစ်တွင် ပါဝင်ရန် စတီဗင်ယွန်း ဆွေးနွေးနေ

စတီဗင် ယွန်းဟာ ယူအာအင်းနဲ့အတူ ရုပ်ရှင်အသစ်တစ်ခုမှာပါဝင်လာနိုင်ချေရှိနေပါတယ်။ သြဂုတ် ၂၁ ရက်မှာ ရုပ်ရှင်လုပ်ငန်း အသိုင်းအဝိုင်းမှ သတင်းအရင်းအမြစ်တစ်ခုက စတီဗင်ယွန်းဟာ "Burning" လို့အမည်ရတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင် ဖို့ စဉ်းစားနေတယ်လို့ဆိုပါတယ်။ အဲဒီသတင်းအရင်းအမြစ်ရဲ့အဆိုအရ ရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်ဖို့ လုပ်ဆောင် ခဲ့ပေမယ့် အတွင်းရေးပြဿနာတွေကြောင့် ထုတ်လုပ်ရေးကို ခေတ္တရပ်နားခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

Hong Sisters ၏ အနောက်အရပ်သို့ခရီးသွားခြင်း ဒရမ်မာတွင် စွန်းဝုခုန်းအဖြစ် သရုပ်ဆောင်ရန် လီဆောင်းဂီဆွေးနွေးနေ

မင်းသား လီဆောင်းဂီဟာည မကြာခင် စစ်တပ်ကနေ ပြန်လာပြီးပြီးချင်းမှာပဲ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ ကြိုတင်ဟန်ပြင်နေပါပြီ၊ သြဂုတ် ၂၁ ရက်မှာ အနုပညာသတင်းရပ်ကွက်က သတင်းအရင်းအမြစ်တစ်ခုက သူဟာ tvN ရုပ်သံလိုင်း ကနေ ဒီဇင်ဘာလထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်နေတဲ့ “Hwayugi" ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သတင်းတွေ ထုတ်ပြန်လိုက်ပါတယ်။

JYP အင်တာတိန်းမန့်မှာ မင်းသားချွဲဝူရှိ ‘Witch’ ရုပ်ရှင်တွင် ပါဝင်မည်

ချွဲဝူရှိဟာ ‘Witch’ ရုပ်ရှင်မှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။ သူဟာ ဒါရိုက်တာ ပတ်ဟွန်ဂျောင်း ရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ အဓိကဇာတ်ဆောင်မင်းသားအနေနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။

Banner Top