Warning
  • JUser: :_load: Unable to load user with ID: 936

Banner Top

Member Area

Hong Sisters ၏ အနောက်အရပ်သို့ခရီးသွားခြင်း ဒရမ်မာတွင် စွန်းဝုခုန်းအဖြစ် သရုပ်ဆောင်ရန် လီဆောင်းဂီဆွေးနွေးနေ

  •  
  • Category: News

မင်းသား လီဆောင်းဂီဟာည မကြာခင် စစ်တပ်ကနေ ပြန်လာပြီးပြီးချင်းမှာပဲ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ ကြိုတင်ဟန်ပြင်နေပါပြီ၊ သြဂုတ် ၂၁ ရက်မှာ အနုပညာသတင်းရပ်ကွက်က သတင်းအရင်းအမြစ်တစ်ခုက သူဟာ tvN ရုပ်သံလိုင်း ကနေ ဒီဇင်ဘာလထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်နေတဲ့ “Hwayugi" ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သတင်းတွေ ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမယ့် tvN က သတင်းအရင်းအမြစ်တစ်ခုရဲ့အဆိုအရ လီဆောင်းဂီကို ဆွန်းဝူခုန်းဇာတ်ရုပ်နေရာကနေ ပါဝင်ဖို့ ကမ်းလှမ်း ထားခဲ့ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ မကြာသေးခင်ကပဲ ပတ်ဘိုဂွန်းကိုလည်း ကမ်းလှမ်းခဲ့ပြီးတော့ အဆင်မပြေဖြစ်ခဲ့ရတာပါ။

နာမည်ကျော် စာရေးဆရာ Hong Sisters ကရေးသားထားသော “Hwayugi” ဇာတ်လမ်းတွဲသည် ရှေးဟောင်းဝတ္ထု “Journey to the West” (အနောက်အရပ်သို့ ခရီးသွားခြင်း) ကို ပြန်လည်အခြေခံထားပါတယ်။ လျှို့ဝှက်ဆန်းကြယ်စိတ်ကူးယဉ် အချစ် ဇာတ်လမ်း ကတော့ အမှောင်ကမ္ဘာထဲမှာ အလင်းရောင်းကို ရှာဖွေရင်း မကောင်းဆိုးရွားတွေနဲ့ တိုက်ခိုက်ရတဲ့အကြောင်းကို ရိုက်ကူးမှာပါ၊ ချာဆွန်းဝန်ကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်နဲ့ ဆယ်လီ တစ်ဦးအဖြစ် သရုပ်ဆောင် မှာဖြစ် ပါ တယ်။

လီဆောင်းဂီဟာ လာမယ့် အောက်တိုဘာ ၃၁ ရက်မှာ စစ်မှုထမ်းတာဝန်တွေကနေ ပြီးဆုံးမှာဖြစ်ပါတယ်။


Ref:soompi

Banner Top