Warning
  • JUser: :_load: Unable to load user with ID: 936

Banner Top

Member Area

ယူအာအင်းနှင့်အတူ ရုပ်ရှင်အသစ်တွင် ပါဝင်ရန် စတီဗင်ယွန်း ဆွေးနွေးနေ

  •  
  • Category: News

စတီဗင် ယွန်းဟာ ယူအာအင်းနဲ့အတူ ရုပ်ရှင်အသစ်တစ်ခုမှာပါဝင်လာနိုင်ချေရှိနေပါတယ်။ သြဂုတ် ၂၁ ရက်မှာ ရုပ်ရှင်လုပ်ငန်း အသိုင်းအဝိုင်းမှ သတင်းအရင်းအမြစ်တစ်ခုက စတီဗင်ယွန်းဟာ "Burning" လို့အမည်ရတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင် ဖို့ စဉ်းစားနေတယ်လို့ဆိုပါတယ်။ အဲဒီသတင်းအရင်းအမြစ်ရဲ့အဆိုအရ ရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်ဖို့ လုပ်ဆောင် ခဲ့ပေမယ့် အတွင်းရေးပြဿနာတွေကြောင့် ထုတ်လုပ်ရေးကို ခေတ္တရပ်နားခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

ယူအာအင်း၊ ဂန်ဒုံဝန်းနဲ့ ဆောလီတို့ဟာ မူရင်းသရုပ်ဆောင်တွေ ထဲမှာ ပါဝင်ခဲ့ပေမယ့် ယူအာအင်းတစ်ယောက်တည်းသာ ကျန်ရှိတော့ပြီး တခြားကျန်ရှိတဲ့ ဦးဆောင်ဇာတ်ကောင်တွေကို တခြားသရုပ်ဆောင်တွေနဲ့ ပြန်လည်ရွေးချယ်ရိုက်ကူး သွားမယ် လို့ဆိုပါ တယ်။ စတီဗင်ယွန်းကနော့ ဂန်ဒုံဝန်းနေရာမှာအစားထိုးသရုပ်ဆောင်ဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။

"Burning" နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက "စတီဗင်ယွန်းဟာ ရုပ်ရှင်မှာပါဝင်ဖို့ အတည်မပြုနိုင်သေးပါဘူး၊ ပါဝင်မယ့်သရုပ်ဆောင်တွေကို ရွေးပြီးသွားတဲ့အခါ တရားဝင်ကြေညာချက် ကျွန်တော်တို့ထုတ်ပြန်ပါ့မယ်" လို့ပြောကြားထားပါတယ်။

“Burning” ရုပ်ရှင်ကို ၂၀၁၈ ခုနှစ် ပထမနှစ်လယ်မှာ ရုံတင်ပြသနိုင်ဖို့ခန့်မှန်းထားပါတယ်။

Ref:soompi

Banner Top