Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Website URL:

“Mischievous Detectives” အမည်ရှိ Webdrama အတွက် အန်ယောင်းဆော့၊ ယူဆွန်းဟိုနှင့် နမ်ဂျူတို့ ဇာတ်ညွှန်းဖတ်ခဲ့ကြ

ပါရမီရှင်အထက်ကျောင်းသားနှစ်ဦးဖြစ်တဲ့ အိုဆောင်းနဲ့ ဟန်အွန်းတို့ဟာ မိဘတွေမရှိဘဲ အမျိုးသမီးစုံထောင် ဂျင်ဂျောင်းရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းနေရသူတွေဖြစ်ပါတယ်။

  • Published in News

JTBC ရုပ်သံလိုင်းမှထုတ်လွှင့်ခဲ့သော ဒရမ်မာများထဲတွင် လူအကြည့်အများဆုံးဒရမ်မာအဖြစ် “Strong Woman Do Bong Soon” ကို “Woman Of Dignity” ကျော်တက်

“Woman of Dignity” ဒရမ်မာဟာ JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ လူကြည့်အများဆုံး ဒရမ်မာများထဲက “Strong Woman Do Bong Soon” ကို ကျော်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Nielsen Korea က ထုတ်ပြန်ခဲ့တဲ့ စာရင်းအင်းအချက်အလက်တွေအရ သြဂုတ် ၅ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အဲဒီဒရမ်မာရဲ့ အပိုင်း ၁၆ ဟာ ပြီးခဲ့တဲ့ အပိုင်းမှာ ၂.၅ ရာခိုင်နှုန်းရှိရာကနေ ၉.၉ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်လာတာပါ။

  • Published in News

Se7en ရဲ့ ဂျပန်နယ်လှည့် ဖျော်ဖြေပွဲ လာမယ့် စက်တင်ဘာမှ စမယ်

“Se7en” လို ့လူသိများတဲ့ အဆိုတော် Seven ဟာ ၇ လကြာ အနုပညာခြေလှမ်းကျဲသွားခဲ့ပြီးတဲ့နောက် ဂျပန်နယ်လှည့် ဖျော်ဖြေပွဲတစ်ခုကို မကြာခင်စတင်တော့မှာ ဖြစ်ပါတယ်။

Se7en ဟာလာမယ့် စက်တင်ဘာ ၁၅ ရက်မှာ အိုဆာကာမြို့နဲ့ စက်တင်ဘာ ၁၇ နဲ့ ၁၈ ရက်တို့မှာ တိုကျိုမြို့တို့မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အမည်ရင်း ချွဲဒုံဝု ဖြစ်တဲ့ Seven ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ မှာ နာဂိုယာမြို့၊ ဇန်နဝါရီ ၂၈ ရက်မှာ အိုဆာကာမြို့နဲ့ ဇန်နဝါရီ ၃၁ ရက်မှာ တိုကျိုမြို့တွေမှာ ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့ပါသေးတယ်။

  • Published in News

ဆောင်းဂျွန်ကီနှင့် ဆောင်းဟေဂိုတို့ နမည်ကျော် ရှီလာဟိုတယ်တွင် မင်္ဂလာပွဲကျင်းပမည်

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ ဆိုးလ်မြို့မှာရှိတဲ့ လက်ထပ်ပွဲကြီးတွေကျင်းပရာ နေရာတစ်ခုမှ လက်ထပ်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီနေ့ သြဂုတ် ၇ ရက်မှာပဲ အတွင်းသတင်းအမြစ်တစ်ခုက သူတို့နှစ်ဦးဟာ ရှီလာ ဟိုတယ်မှာ လက်ထပ်ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

  • Published in News

ပတ်ဆောဂျွန်းနဲ့ ဂန်ဟာနူးတိုရဲ့ ဆွဲဆောင်မှုအပြည်ရှိတဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ကြရမယ့် ရုပ်ရှင်သစ် “Midnight Runners!”

မကြာခင် ရုံတင်ပြသတော့မယ့် “Midnight Runners!” ရုပ်ရှင်ရဲ့ ရုပ်ငြိမ်ဓါတ်ပုံတွေ ထွက်ရှိလာပါပြီ။ ပတ်ဆောဂျွန်းနဲ့ ဂန်ဟာနူး တို့ဟာ အဲဒီရုပ်ရှင်ထဲမှာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်နဲ့ ပရိသတ်ကို ဆွဲဆောင်မယ့် ဂီဂျွန်းနဲ့ ဟီးယောအဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ သူတို့နှစ်ဦးဟာ ရဲအကယ်ဒမီတစ်ခု ငယ်ရွယ်ပြီး စိတ်ဓါတ်ခွန်အားမြင့်မားတဲ့ ရဲသင်တန်းကျောင်း သားနှစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။

  • Published in News

EXO နဲ့ BTS ဟာ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြောင်း Wanna One အဖွဲ့ ပြောဆို

Gocheok Sky Dome မှ မနက်ဖန် သြဂုတ် ၈ ရက်မှာ ပြုလုပ်မယ့် သူတို့ရဲ့ ပွဲဦးထွက်ပွဲမတိုင်ခင် Wanna One အဖွဲ့ဟာ ဒီလိုမျိုး အစဉ်အလာကြီးမားတဲ့နေရာမျိုးမှာ ဖျော်ဖြေခွင့်ရတာကို ဘယ်လိုခံစားခဲ့ကြရတယ်ဆိုတာ ပြောပြပေးခဲ့ပါတယ်။ ဂန်ဒန်နီ ယယ် က “ကျွန်တော် EXO နဲ့ BTS ရဲဲ့ ဖျော်ဖြေပွဲ ဗီဒီယိုကို ကြည့်ပြီး ‘ငါလည်းတစ်နေ့ ဒီနေရာမှာ ဖျော်ဖြေနိုင်ရမယ်’လို့တွေးမိခဲ့ပါတယ်၊ Gocheok Sky Dome လိုမျိုး ကြီးမားတဲ့နေရာမှာ ပွဲဦးထွက်ခွင့်ရခဲ့တာ ဟာ အိပ်မက်တစ်ခုလိုပါပဲ၊ ကျွန် တော့် အမေက သူ့ဘေးနားမှာရှိတဲ့ လူတော်တော်များများကို ကြွားနေရလို့ ကျွန်တော် ပျော်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

  • Published in News

“Produce 101 Season 2” မှ ဂွမ်ယောင်းဘင်း ဒရမ်မာရိုက်ကူးပြီး အနုပညာလောကထဲသို့ဝင်ရောက်မည်

ဂွမ်ယောင်းဘင်း (Kwon Hyun Bin) ကတော့ သရုပ်ဆောင်လုပ်ငန်းတွေ လုပ်ဖို့ ကြိုးစားနေပါပြီ၊ ဒီကနေ့ သြဂုတ် ၈ ရက်မှာပဲ သူဟာ “Borg Mom” လို့ခေါ်တဲ့ ဒရမ်မာဇာတ်လမ်းတွဲသစ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ MBC က ကြေညာလိုက် ပါတယ်။

  • Published in News

Wanna One အဖွဲ့ဝင်များ၏ ပုံစံတူအရုပ်လေးများကို အကန့်အသတ်ဖြင့် ရောင်းချမည်

အခုဆိုရင် Wanna One အဖွဲ့ဝင်တွေရဲ့ ပုံစံတူအရုပ်လေးတွေကို ရရှိနိုင်တော့မှာဖြစ်ပါတယ်။

အဲဒီ Wanna One ပုံစံအတူအရုပ်လေးတွေကိုသြဂုတ် ၂၈ ရက်မတိုင်ခင်မထိ Lotte Mart အရောင်းဆိုင် ၁၁ ခုမှာရှိတဲ့ ToysRUs ဒါမှမဟုတ် Toy Box မှာ ကြိုတင်မှာယူနိုင်မှာဖြစ်ကြောင်း သြဂုတ် ၈ ရက်မှာ Lotte Mart က ကြေညာလိုက် တာပါ။

  • Published in News

Wanna One အဖွဲ့ဝင် ကင်ဂျယ်ဟွမ်း CJ E&M နှင့် စာချုပ်ချုပ်ဆို

“Produce 101 Season 2” မှာ ဝင်ပြိုင်ခဲ့ရာကနေ Wanna One အဖွဲ့ဝင် ဖြစ်လာခဲ့တဲ့ ကင်ဂျယ်ဟွမ်းဟာ CJ E&M နဲ့ စာချုပ်သစ်တစ်ရပ်ကို မကြာသေးခင်က ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

  • Published in News

BLACKPINK အဖွဲ့၏ 'As If It's Your Last' MV ကို Youtube တွင် ကြည့်ရှုသူ သန်း ၁၀၀ ကျော်သို့ ရောက်ရှိ

BLACKPINK အဖွဲ့ရဲ့ "As If It's Your Last" MV ဟာ ဒီနေ့မှာပဲ Youtube မှာ ကြည့်ရှုသူ သန်း ၁ဝဝ ကျော် လွန်သွားခဲ့ပြီဖြစ်တယ်လို့ အဖွဲ့ရဲ့ အေဂျင်စီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ဖြန့်ချိခဲ့တဲ့ အဲဒီသီချင်းဟာ "Boombayah"၊ "Playing with Fire" နှင့် "Whistle" သီချင်းတွေ နောက်ပိုင်း မှတ်တိုင် သစ်စိုက်ထူနိုင်ခဲ့တဲ့ စတုတ္တမြောက် ဂီတဗီဒီယို ဖြစ်လာခဲ့ကြောင်း YG အင်တာတိန်းမန့်က ဆိုလိုက်ပါတယ်။ ဒီမှတ် တိုင် သစ် ကိုရောက် ဖို့ ၄၆ ရက်ကြာမြင့်ခဲ့တာပါ။

  • Published in News

Banner Top