Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

Se7en ရဲ့ ဂျပန်နယ်လှည့် ဖျော်ဖြေပွဲ လာမယ့် စက်တင်ဘာမှ စမယ်

  •  
  • Category: News

“Se7en” လို ့လူသိများတဲ့ အဆိုတော် Seven ဟာ ၇ လကြာ အနုပညာခြေလှမ်းကျဲသွားခဲ့ပြီးတဲ့နောက် ဂျပန်နယ်လှည့် ဖျော်ဖြေပွဲတစ်ခုကို မကြာခင်စတင်တော့မှာ ဖြစ်ပါတယ်။

Se7en ဟာလာမယ့် စက်တင်ဘာ ၁၅ ရက်မှာ အိုဆာကာမြို့နဲ့ စက်တင်ဘာ ၁၇ နဲ့ ၁၈ ရက်တို့မှာ တိုကျိုမြို့တို့မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အမည်ရင်း ချွဲဒုံဝု ဖြစ်တဲ့ Seven ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ မှာ နာဂိုယာမြို့၊ ဇန်နဝါရီ ၂၈ ရက်မှာ အိုဆာကာမြို့နဲ့ ဇန်နဝါရီ ၃၁ ရက်မှာ တိုကျိုမြို့တွေမှာ ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ နယ်လှည့် ဖျော်ဖြေပွဲ Afte-Party မှာ ပရိသတ် ၁ သောင်းကျော်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ သူရဲ့ နယ်လှည့် ဖျော်ဖြေပွဲဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထွက်ရှိခဲ့ပြီး ဂျပန် အော်ရီကွန် နေ့စဉ်ဂီတ အယ်လ်ဘမ် ဇယားမှာ နံပါတ် ၁ဝ နေရာအထိ ရောက်ရှိခဲဲ့တဲ့ အယ်လ်ဘမ်သစ် “Dangerman” ဖြန့်ချိခဲ့မှုကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း အဲဒီလိုမျိုးပွဲတွေကို ပြုလုပ်ခဲ့ပါသေးတယ်။

Se7en

 

သူဟာ အနာဂတ်ကာလမှ သရုပ်ဆောင်ဖို့အတွက် ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပြီး အဲဒီ ကျွမ်းကျင်မှုက သီချင်းဆိုတဲဲ့အခါ စိတ်လှုပ်ရှုားမှုတွေ ထပ်ပေါင်းပေးဖို့ ကူညီပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Banner Top