Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

“Produce 101 Season 2” မှ ဂွမ်ယောင်းဘင်း ဒရမ်မာရိုက်ကူးပြီး အနုပညာလောကထဲသို့ဝင်ရောက်မည်

  •  
  • Category: News

ဂွမ်ယောင်းဘင်း (Kwon Hyun Bin) ကတော့ သရုပ်ဆောင်လုပ်ငန်းတွေ လုပ်ဖို့ ကြိုးစားနေပါပြီ၊ ဒီကနေ့ သြဂုတ် ၈ ရက်မှာပဲ သူဟာ “Borg Mom” လို့ခေါ်တဲ့ ဒရမ်မာဇာတ်လမ်းတွဲသစ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ MBC က ကြေညာလိုက် ပါတယ်။

ဂွမ်ယောင်ဘင်းဟာ ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာရဲ့ သား၊ မူကြိုဆရာတစ်ဦးအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူရဲ့ သရုပ်ဆောင် ဇာတ်ရုပ်နဲ့ ပတ်သက်လို့ ဂွမ်ယောင်းဘင်းက "ကျွန်တော်အရမ်းစိတ်လှုပ်ရှားပြီးတော့ စိုးရိမ်နေမိပါတယ်၊ ကျွန်တော့် ဇာတ်ရုပ် က ကျွန်တော်တကယ့်ဘဝမှာ ဘယ်လိုရှိနေတယ်ဆိုတာတဲ့ ဆင်တူပါတယ်၊ ဒါကြောင့် ကျွန်တော့်ဇာတ်ရုပ်မှာ အပြည့်အဝစျာဉ်ဝင်စားပြီး အကောင်းဆုံးကြိုးစားသွား မှာပါ" လိုု့ပြောကြားခဲ့ပါတယ်။

Gwan Yaung Bin

 

“Borg Mom” ဒရမ်မာကတော့ ကွယ်လွန်သွားတဲ့ ဇနီးနေရာမှာ နေရာယူတဲ့ မှတ်ဉာဏ်တုအသုံးပြုထားတဲ့ စက်ရုပ်ကို ဖန်တီးမယ့် အမျိုးသား (ပတ်ဟန်ဗြော သရုပ်ဆောင်မည်) တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲဒီဒရမ်မာကို လာမယ့် စက်တင်ဘာလထဲမှာ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်။

#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Banner Top