Logo
Print this page

မိဘတွေကြောင့် ဒရာမာလောကထဲကို ရောက်လာခဲ့တဲ့ မင်းသား ကင်ဆွန်းဟို

မင်းသား ကင်ဆွန်းဟိုဟာ ရုပ်သံပေါ်မှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ဖြစ်လာဖို့ စိန်ခေါ်မှုရှိခဲ့တဲ့အခိုက်အတန့်အကြောင်း ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။ 

တခြားထိပ်တန်းမင်းသားတွေနဲ့ မတူတာက မင်းသား ကင်ဆွန်းဟိုဟာ သူအသက်အကြီးပိုင်းကို ရောက်တော့မှ သူ့နာမည်ကိုလူသိလာတာဖြစ်ပါတယ်။

1604381168106 0

သူရဲ့ ပထမဆုံး ရုပ်သံဒရာမာကတော့ ၂၀၁၇ ခုနှစ်မှာပြသခဲ့တဲ့ 'Good Manager' ဒရာမာဖြစ်ပြီး သူဟာ အဲ့ဒီအချိန်မှာ အသက် ၃၁ နှစ်ရှိနေပြီဖြစ်ပါတယ်။ ရုပ်သံဒရာမာတွေမှာ ပါဝင်သရုပ်မဆောင်မီ သူဟာ တေးသံစုံပြဇာတ်မင်းသားတစ်ဦးအနေနဲ့ လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်မှာ 'New Boeing Boeing' ပြဇာတ်နဲ့ သူ့ရဲ့ အနုပညာခရီးလမ်းကို စတင်ခဲ့ပါတယ်။

1604381399334 0


အရင်တုန်းကလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကင်ဆွန်းဟိုက အဲ့ဒီလိုလုပ်ခဲ့ရတဲ့အကြောင်းအရင်းကိုရှင်းလင်းခဲ့ပါတယ်။
သူက


"တကယ်တော့ ကျနော့်က တေးသံစုံပြဇာတ်သရုပ်ဆောင်တစ်ဦးအနေနဲ့ ပိုက်ဆံလုံလုံလောက်ရခဲ့ပြီးပါပြီ။ ကျနော့်ရဲ့ နေရာကို ရခဲ့ပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဇာတ်သရုပ်ဆောင်တွေရဲ့ လူတွေရဲ့ အသိအမှတ်ပြုမှုကို မရကြဘူး။ ဒါကြောင့် မိဘတွေရဲ့ စိုးရိမ်မှုကိုလျော့နည်းစေဖို့ ရုပ်သံမှာ ပါဝင်သရုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထင်ခဲ့ပါတယ်။"

လို့ဆိုပါတယ်။

 သူကဆက်ပြီး


"ကျနော် 'Good Manager' အတွက်လူရွေးပွဲဝင်ခဲ့တယ်။ အောင်ခဲ့တယ်။ ကျနော် ပြဇာတ်တွေကနေ ခဏနားခဲ့တယ်။ တစ်နေ့တော့ ကျနော့်ကို ရုပ်သံမှာ ကျနော့်မိဘတွေက ကြည့်နေပြီး သူတို့ ပြုံးနေတာကို မြင်ခဲ့တယ်။ ကျနော့်အတွက် လုံလောက်ပြီလားလို့ ကျနော့်ကို မေးခဲ့တယ်။ အဲ့ဒီနောက် ကျနော်က ကျနော်လည်းမသိဘူး၊ လုံလောက်ပြီနေမှာပေါ့ လို့ပြန်ဖြေခဲ့တယ်။"

လို့ဆိုပါတယ်။

1604381939648 0

မင်းသား ကင်ဆွန်းဟိုဟာ လက်ရှိမှာ tvN ရဲ့ 'Start-up' ဒရာမာမှာ Suzy, Nam Joohyuk, Kang Hanna တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!