Logo
Print this page

2NE1 အဖွဲ့ဝင်တွေနဲ့ အနီးကပ်ရှိနေဆဲဖြစ်ကြောင်း CL ဖွင့်ဟ

2NE1 ခေါင်းဆောင်ဟောင်း CL ဟာ သူ့ရဲ့အဖွဲ့ဝင်ဟောင်းတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆက်ဆံရေးအကြောင်း ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ CL ဟာ MBC FM4U ရဲ့ 'Kim Shin-young's Music Party' ရေဒီယိုအစီအစဉ်မှာ ဧည့်သည်တော်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

201484974 1280
အဲ့ဒီအစီအစဉ်မှာ တင်ဆက်သူ Kim Shin-young က CL ကို "မင်း 2NE1 နဲ့ မကြာခဏ အဆက်အသွယ်ရှိသေးလား" လို့ မေးမြန်းခဲ့ပါတယ်။

အဲ့ဒီအခါမှာ CL က

"ဒါပေါ့ ကျမရဲ့ သီချင်းတွေကိုတောင် သူ့တို့ကို နားထောင်ခိုင်းလိုက်သေးတယ်။ ကျမရဲ့ မကြာခင်ထွက်လာမယ့် 'HWA' သီချင်းကိုတော့ မပို့ပေးရသေးပါဘူး။ ကျမ အဲ့ဒါကို လုပ်နေတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် မမျှော်လင့်ထားတဲ့နေ့မှာ ပြီးစီးခဲ့ပါတယ်။"

လို့ဆိုပါတယ်။

CL က "အခုတလောမှာလည်း ကျမတို့ဟာ တစ်ဦးနဲ့တစ်ဦး အားပေးကြပါတယ်။ အံ့သြဖို့ကောင်းတာကတော့ အရင်တုန်းကတောင် ဒီလိုမျိုး မရှိခဲ့ပါဘူး။" လို့ဆိုပါတယ်။

201484976 1280

သူက

"ကျမတို့ အတူတူရှိနေခဲ့ကြတဲ့ အရင်တုန်းက တစ်ဦးနဲ့တစ်ဦး အားပေးကြတာ အများကြီးမရှိခဲံပါဘူး။ အခုတော့ တစ်ဦးနဲ့ တစ်ဦးဆိုတာတောင် မဟုတ်တော့ပါဘူး။ ကျမတို့ဟာ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် အားပေးထောက်ပံ့မယ်ဆိုတာကိုပဲ ပြသပါတယ်။"

လို့ဆိုပါတယ်။

201484975 1280

သူက

"သူတို့တွေနဲ့ ကျမကတော်တော်လေးကို အဆက်အသွယ်ရှိပါတယ်။ မကြာခဏဆိုသလို တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖြစ်ပါတယ်။"

လို့ဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ CL ဟာ 'HWA' နဲ့ '5STAR' ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!