Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

ကိုယ်ပိုင် အေဂျင်စီတည်ထောင်လိုက်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း မင်ဇီ

  •  mpc
  • Category: News

2NE1အဖွဲ့ဝင်ဟောင်း မင်ဇီဟာ MZလို့အမည်ရတဲ့ ကိုယ်ပိုင်အေဂျင်စီကို တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာအသက်အရ ၂၆နှစ်ရှိပြီဖြစ်တဲ့ ငယ်ရွယ်တဲ့တည်ထောင်သူ မင်ဇီဟာ ဂီတလုပ်ငန်းတွေမှာ ၁၁နှစ်ကြာ အတွေ့အကြုံရှိထားသူတစ်ယောက်ဖြစ်ပြီး သူဟာ MZ အင်တာတိန်းမန့်အောက်မှာ လေ့ကျင့်ပေးရမယ့် ကြယ်ပွင့်အသစ်တွေကို ရှာဖွေတော့မှာပါ။

fre3fr gf g

ကုမ္ပဏီရဲ့ CEOအဖြစ် မှတ်ပုံတင်ထားတဲ့ သူ့ရဲ့ ဖခင် Gong Sun Yongနှင့်အတူ အင်တာတိန်းမန့်ကို လည်ပတ်မှာလည်း ဖြစ်ပါတယ်။ မင်ဇီဟာ ကုမ္ပဏီရဲ့ လေ့ကျင့်ရေးစနစ်ကို ကြီးကြပ်သလို ဒါရိုက်တာအဖြစ်လည်း တာဝန်ယူသွားမှာဖြစ်ပါတယ်။ ကြယ်ပွင့်အသစ်တွေကို ရှာဖွေပြီး မြှင့်တင်ဖို့ ရည်မှန်းထားတဲ့အတွက် "MZ" ("Millennium", "Gen Z") ဆိုပြီး အမည်ပေးထားတာဖြစ်ပါတယ်။

efwef rg

မင်ဇီဟာ "Millennium Dance Academy" လို့အမည်ရတဲ့ အကအကယ်ဒမီကိုလည်း မကြာသေးခင်က ဖွင့်လှစ်ခဲ့ပါတယ်။သူကတော့ ဒီအကအကယ်ဒမီကို ဆက်လက်လည်ပတ်ဖို့နဲ့ MZ အင်တာတိန်းမန့်မှာ ကျွမ်းကျင်တဲ့ လေ့ကျင့်ရေးစနစ်ကိုအသုံးပြုသွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ မင်ဇီဟာ 2NE1 နဲ့ YG အင်တာတိန်းမန့်ကနေ ၂၀၁၆ခုနှစ်မှာ ထွက်ခွာခဲ့ပါတယ်။

efqf feq f

မင်ဇီဟာ ကုမ္ပဏီဟောင်းဖြစ်တဲ့ "The Music Works"ကုမ္ပဏီနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် လွတ်လပ်တဲ့ အေးဂျင့်တစ်ယောက်အဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ မင်ဇီနဲ့ သူ့မိသားစုအတွက် တစ်ခါထပ်ပြီး ဂုဏ်ပြုပါတယ်။

 

#mpc

ဆက်စပ်နေသော ရေးသားချက်များ

  • 2NE1 ရဲ့ Comeback လုပ်ချင်တယ်လို့ Dara ပြော

    Dara က 2NE1 ရဲ့ Comeback နဲ့ပတ်သက်တဲ့ သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပြခဲ့ပါတယ်။

  • 2NE1 အဖွဲ့ဝင်တွေနဲ့ အနီးကပ်ရှိနေဆဲဖြစ်ကြောင်း CL ဖွင့်ဟ

    2NE1 ခေါင်းဆောင်ဟောင်း CL ဟာ သူ့ရဲ့အဖွဲ့ဝင်ဟောင်းတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆက်ဆံရေးအကြောင်း ပြောဆိုခဲ့ပါတယ်။

  • ဖြောင်းချန်းအိုလံပစ်ပိတ်ပွဲအခမ်းအနားမှာ EXO နှင့် CL ဖျော်ဖြေမည်

    EXO အဖွဲ့နဲ့ CL တို့ဟာ ၂၀၁၈ ခုနှစ် ဖြောင်းချန်းအိုလံပစ်ပိတ်ပွဲအခမ်းအနားမှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။ သူတို့တွေကို ပိတ်ပွဲအခမ်းအနားအတွက် အမျိုးမျိုးသော အနုပညာရှင်တွေထဲကနေ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။ EXO အဖွဲ့ကကလည်း ကိုရီးယားပြည်တွင်းနဲ့ ပြည်ပမှာပါ အတွေ့အကြုံတော်တော်များများ ရှိပြီးတော့ CL ဟာ ဆိုရင်လည်း 2NE1 အဖွဲ့ကို ဖျက်သိမ်းပြီးတဲ့နောက် တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှု အနေနဲ့ ကိုရီးယားနိုင်ငံပြင်ပမှာ လုပ်ဆောင်နေလို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Banner Top