Logo
Print this page

ရိုက်ကွင်းဆီ လီမင်းဟို ပေးပို့ခဲ့တဲ့ လက်ဆောင်အတွက် ကင်ဘမ်း ကျေးဇူးတင်

ကင်ဘမ်းဟာ “Boys Over Flowers” ဒရာမာမှာ အတူတူ တွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသား လီမင်းဟိုဆီကနေ ကော်ဖီထရပ်ကားတစ်စီးကို ရရှိခဲ့ပါတယ်။


အောက်တိုဘာ၂၈ ရက်မှာ ကင်ဘမ်းဟာ ထရပ်ကားရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပုံစာထဲမှာတော့ ဘယ်လောက်ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး လီမင်းဟိုကို အစ်ကို လို့ ခေါ်ဆိုထားတာကိုလည်းတွေ့ရပါတယ်။

ElZ5uDSUcAA0a9I

 

ElZ5ud2U8AQJqOO

ElZ5vRYU0AYM Ho

EleEBvNU4AANVk1

လီမင်းဟိုရဲ့ ဒရာမာ “The King: Eternal Monarch” နဲ့ “Tale of the Nine-Tailed” ဒရာမာ ထဲက ဇာတ်ကောင်တွေကို ရည်ရွယ်တဲ့ "လီဂွန်းမှ လီရန်းဆီသို့" ဆိုပြီးတော့လည်း စာရေးထားတာတွေ့ခဲ့ရပါတယ်။

လီမင်းဟိုနဲ့ ကင်ဘမ်းတို့ဟာ ၂၀၀၉ ခုနှစ်တုန်းက “Boys Over Flowers” ဆိုတဲ့နာမည်ကျော် ဒရာမာမှာ အတူတူ ပါဝင်ခဲ့ကြပါတယ်။ ကင်ဘမ်းဟာ လက်ရှိမှာတော့ မင်းသား လီဒုံဝု၊ မင်းသမီး ဂျိုဘိုအာတို့နဲ့အတူ “Tale of the Nine-Tailed” ဒရာမာမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!