Banner Top

Member Area

မင်းသား ကင်ဘမ်းနှင့် မင်းသမီး အိုယွန်ဆောတို့ မေတ္တာမျှနေကြပြီဟု အတည်ပြု

  •  Uchun
  • Category: News

အနုပညာရှင်စုံတွဲတစ်တွဲကတော့ ထွက်ပေါ်လာပါပြီ။

မတ် ၂၉ ရက်မှာ မင်းသားကင်ဘမ်းနဲ့ အိုယွန်ဆောတို့ရဲ့ ချိန်းတွေ့နေတာကို တွေ့မြင်ခဲ့ရတဲ့အကြောင်း သတင်းတစ်ခုထွက်ပေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးရဲ့ အချစ်ရေးကို အေဂျင်စီအသီးသီးက အတည်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းရဲ့ အဆိုအရ မင်းသားနဲ့ မင်းသမီးတို့ဟာ တခြားလူပုဂ္ဂိုလ်တစ်ဦးနဲ့ အလွယ်တကူစကားပြောနိုင်တဲ့ တွေ့ဆုံပွဲတစ်ခုမှာ ဆုံစည်းခဲ့ကြပြီးနောက် လျင်လျင်မြန်မြန် ရင်းနှီးလာခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် စိတ်ဝင်စားတာကြောင့် တွေ့ဆုံခဲ့ပြီးတဲ့နောက် သူငယ်ချင်းဆက်ဆံရေးကနေ ချစ်သူဆက်ဆံရေး အဖြစ် ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။


မင်းသမီး အိုယွန်ဆောရဲ့ Celltrion အင်တာတိန်းမန့်ကတော့ “Hwayugi ဇာတ်လမ်းတွဲ မတ်လမှာ ပြီးဆုံးခဲ့ပြီးနောက် သူဟာ တွေ့ဆုံပွဲတစ်ခုမှာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး သဘာကျကျ ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ဦးအပေါ် တစ်ဦးသံယောဇဉ်ရှိပြီး တစ်ယောက်အကြောင်းလည်း တစ်ယောက် ပိုသိလာပါပြီ။” လို့ ပြောကြားထားပါတယ်။
မင်းသားကင်ဘမ်းရဲ့ အေဂျင်စီဖြစ်တဲ့ Starship အင်တာတိန်းမန့်ကတော့ သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ တွေ့ဆုံပွဲကနေ တွေ့ဆုံခဲ့ကြတာဖြစ်ပြီးချစ်သူတွေ ဖြစ်ခဲ့ကြတာလို့ ဆိုထားပါတယ်။ သတင်းရင်းမြစ်တစ်ခုက “သူတို့နှစ်ဦးဟာ အချစ်ရေးအစအခြေအနေမှာပဲ ရှိပါသေးတယ်” လို့ ပြောကြားထားပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top