Banner Top

Member Area

မင်းသားလီဒုံဝုနှင့် ဆူဇီတို့က အချစ်ရေးသတင်းကို အတည်ပြု

  •  Uchun
  • Category: News

မင်းသားလီဒုံဝုနဲ့ ဆူဇီတို့ဟာ လက်ရှိမှာမေတ္တာမျှနေကြပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

ဒီကနေမနက်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ သတင်းတွေ နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးဟာ မေတ္တာမျှနေပြီ ဖြစ်တဲ့အကြောင်း အများပြည်သူထံအတည်ပြုလိုက်ပါတယ်။ လီဒုံဝုနဲ့ ဆူဇီတို့ရဲ့ အေဂျင်စီတွေကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြောကြားထားပြီးလည်းဖြစ်ပါတယ်။

Starship အင်တာတိန်းမန့်အောက်မှ King Kong ကုမ္ပဏီက "မင်းသားဟာ လက်ရှိမှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေနဲ့ ဆူဇီနဲ့ တွဲနေပြီးတော့ ကောင်းမွန်တဲ့ခံစားချက်တွေနဲ့ ဆူဇီ့ကို သိလာခဲ့တာဖြစ်ပါတယ်" လို့ ပြောကြားထားပါတယ်။

JYP အင်တာတိန်းမန့်ကလည်း "ဆူဇီဟာ လက်ရှိမှာ လီဒုံဝုနဲ့ အရင်ကထက်ပိုပြီးရင်းနှီးလာတယ်ဆိုတာ အမှန်ပါပဲ" လို့ သတင်းရင်းမြစ်တော်တော်များများကို ပြောကြားခဲ့ပါတယ်။ ဂုဏ်ယူပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top