Logo
Print this page

'aespa' မိန်းကလေးအဖွဲ့သစ်အကြောင်း SM ကြေညာ

SM အင်တာတိန်းမန့်ဟာ မကြာခင်မှာ မိန်းကလေးအဖွဲ့သစ်တစ်ခုကို စင်တင်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။


aespa ဆိုတာကတော့ 'avatar x experience' လို့အဓိပ္ပါယ်ရတဲ့ 'æ' နဲ့ အင်္ဂလိပ်စကားလုံး 'aspect' ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဖွဲ့နာမည်ကတော့ သူတို့တစ်ဦးချင်းစီဟာ avatar တစ်ခုချင်းစီအနေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အနာဂတ်ကမ္ဘာကြီးကို တွေ့ကြုံရမယ်ဆိုတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ကိုလာမယ့် နိုဝင်ဘာလမှာ ပွဲထုတ်မှာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်မှာ NCT နဲ့ ၂၀၁၄ ခုနှစ်မှာ Red Velvet အဖွဲ့တို့ပြီးတဲ့နောက် SM ကနေ စင်တင်မယ့် ပထမဆုံးအဖွဲ့သစ်လည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!