Banner Top

Member Area

Youngjae ရဲ့ကိစ္စနဲ့ပတ်သက်လို့ အင်တာနက်အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်များ

  •  mpc
  • Category: News

mpcမကြာသေးခင်က GOT7 အဖွဲ့ဝင် Youngjae ဟာ အထက်တန်းကျောင်းတက်စဉ်က မသန်စွမ်းဖြစ်နေတဲ့ကျောင်းသားတစ်ယောက်ကို ရိုက်နှက်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

JYP အင်တာတိန်းမန့်ဘက်ကလည်း သူတိုနှစ်ယောက်ကြားမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာမှန်ပေမယ့် ရိုက်နှက်တာမျိုးမရှိခဲ့ကြောင်း၊ ဒီကိစ္စကို ဆက်ပြီးစုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်အခုဆိုရင် စွပ်စွဲခဲ့တဲ့သူက သူတင်ထားတဲ့ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါပြီ။ ဒါကြောင့် အင်တာတက်အသုံးပြုသူတွေက စွပ်စွဲသူကို ယုံကြည်မှုမရှိကြတော့ပါဘူး။

thger gr rwg

အွန်လိုင်းအဖွဲ့အစည်းတွေရဲ့ အဆိုအရ စွပ်စွဲသူဟာ မကြာသေးခင်ကပဲ JYP အင်တာတိန်းမန့်ရဲ့ စီးပွားရေး လိပ်စာကဒ် ပုံကို ဝေမျှခဲ့ပြီး သူတို့ဟာ JYP အင်တာတိန်းမန့်ကိုလာရောက်ပြီး အစည်းအဝေးခန်းထဲမှာ အမှန်တရားကိုပြောခဲ့ကြတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

efr gr efg

သူတို့ဟာ စုံစမ်းစစ်ဆေးဖို့၊ သက်သေစုဆောင်းဖို့နဲ့ အမှန်တရားကိုရှာဖွေဖို့ ကတိပေးခဲ့ပြီး သက်သေအလုံအလောက်မရှိတဲ့အတွက် တောင်းပန်ကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုလို ပို့စ်ကို ပြန်ဖျက်သွားတဲ့အတွက် အင်တာနက်အသုံးပြုသူတွေက "သူတို့ JYPကိုသွားခဲ့တယ်ဆိုတဲ့ အထောက်အထားရှိရင် သူတို့မသန်စွမ်းဖြစ်တယ်ဆိုတဲ့ အထောက်အထားနဲ့ Youngjaeနဲ့ကျောင်းအတူတက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေဘယ်မှာလဲ"လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

efeq grw rwg ef

အချို့ကလည်း စွပ်စွဲသူဟာ "စုံစမ်းစစ်ဆေးရန်"နဲ့ "အမှန်တရားကိုရှာဖွေရန်" ပြောဆိုမှုတွေကို ဘာကြောင့် ပြုလုပ်ခဲ့တာလည်း ဆိုပြီးမေးခွန်းထုတ်နေကြပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ ပို့စ်ကိုနောက်ဆုံးမှာ ဘာလို့ဖျက်သွားတာလဲဆိုတဲ့ အချက်ကို သံသယဖြစ်နေကြပါတယ်။

"သူတို့လိမ်နေလို့ ပို့စ်ကိုဖျက်သွားတာပဲ"လို့လည်း ပြောဆိုနေကြပါတယ်။ JYPအင်တာတိန်းမန့်ဘက်က ဒီကိစ္စကို ဆက်လက်စုံစမ်းသွားမှာဖြစ်ပေမယ့်လည်း အင်တာနက်အသုံးပြုသူတွေကတော့ တကယ်လို့ဒီကိစ္စဟာ မှားယွင်းတဲ့အရာတစ်ခုဖြစ်ခဲ့ရင် Youngjae ရဲ့ အလုပ်ကိုထိခိုက်သွားမှာ စိုးရိမ်နေကြပါတယ်။

 

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top