Logo
Print this page

အရက်မူးပြီး ကားမောင်းသည့် ဖြစ်စဉ်ပြီးနောက် tvN ဒရမ်မာမှ မင်းသား ယွန်းထယ်ယောင်း ဖယ်ရှားခံရ

မကြာမီပြသတော့မယ့် “Dear Husband of 100 Days” ဆိုတဲ့ ဒရမ်မာကနေ အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့ တဲ့ အရက်မူးပြီး ကားမောင်းတဲ့ ဖြစ်စဉ်မှာ မင်းသားဟာ ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကပြောကြားခဲ့ပြီးတဲ့ နောက်မှာ ယွန်းထယ်ယောင်းကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ မကြာမီပြသတော့မယ့် “Dear Husband of 100 Days” ဆိုတဲ့ ဒရမ်မာကနေ အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့ တဲ့ အရက်မူးပြီး ကားမောင်းတဲ့ ဖြစ်စဉ်မှာ မင်းသားဟာ ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကပြောကြားခဲ့ပြီးတဲ့ နောက်မှာ ယွန်းထယ်ယောင်းကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ 


မေ ၂ဝ ရက်မှာတော့ ဆိုးလ်မြို့မှာရှိတဲ့ ဂမ်းနမ်ရဲဌာနက ယွန်းထယ်ယောင်း က အရက်မူးပြီး ကားမောင်းနေခဲ့စဉ်မှာ အခြားကားတစ်စီးကို ယွန်းထယ်ယောင်းက ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ မင်းသားဟာ မေ ၁၃ ရက် ကိုရီးယားစံတော်ချိန် ည ၈ နာရီမှာ မီးပွိုင့်တစ်ခုမှာ စောင့်နေခဲ့တဲ့ ကားတစ်စီးကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

Yoon Tae Young
ယွန်းထယ်ယောင်းဟာ အတိုက်ခံရတဲ့ ကားပိုင်ရှင်ကို သူ့ကို ဆက်သွယ်ဖို့ အချက်အလက်တွေကို ပေးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက်တစ်နေ့မှာတော့ သူ့ကို စစ်ဆေးမေးမြန်းဖို့ ရဲတပ်ဖွဲ့က ခေါ်ဆိုခဲ့တယ်လို့ဆိုပါတယ်။ မေလ ၁၄ ရက် ကိုရီးယားစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ သွေးထဲ အရက်ပါဝင်မှုနှုန်း ၀.၀၇၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ 


“Dear Husband of 100 Days” ဇာတ်လမ်းတွဲမှာ EXO အဖွဲ့ဝင် D.O. နဲ့ နမ်ဂျီယောင်းတို့ ပါဝင်ထားပြီး tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ထူးခြားဆန်းကြယ်သမိုင်းနောက်ခံ ဒရမ်မာပဲ ဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!