Logo
Print this page

SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ဒရမ်မာမှာပါဝင်ဖို့ လီဆောင်းဂီနဲ့ ဆူဇီတို့ဆွေးနွေးနေ

“Gu Family Book” ဒရမ်မာမှာ အတူတွဲပြီးသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားလီဆောင်းဂီနဲ့ မင်းသမီး ဆူဇီတို့ဟာ အခု ဒရမ်မာအသစ်တစ်ခုမှာ အတူတူတွဲပြီး ပြန်မြင်ရနိုင်ချေရှိနေပါတယ်။ မေ ၈ ရက်မှာ သတင်းဌာနတစ်ခုက ဆူဇီဟာ SBS ဒရမ်မာ “Vagabond” မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တစ်ခုကို လက်ခံရရှိထားတယ်လို့ ဆိုထားပါတယ်။


အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ JYP အင်တာတိန်းမန့်က ““Vagabond ဟာ ဆူဇီစဉ်းစားနေတဲ့ ပရောဂျက်တွေ ထဲက တစ်ခုဖြစ်ပါတယ်၊ ဘာကိုမှတော့မဆုံးဖြတ်ရသေးပါဘူး” လို့ မှတ်ချက်ပေးထားပါတယ်။ မင််းသား ပတ်ဘိုဂွန်းနဲ့ ဒရမ်မာတစ်ခုမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တစ်ခုကိလည်း စဉ်းစားနေပါသေးတယ်။

Suzy Lee Seung Gi

“Vagabond” ဇာတ်လမ်းတွဲကတော့ လေယာဉ်ပျက်ကျမှုတစ်ခုကို စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ သာမန်အမျိုးသား တစ်ဦးက နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုအပေါ် သတင်းအချက်အလက်တွေ ရရှိခဲ့တဲ့ အကြောင်း ရိုက်ကူးမယ့် စပိုင်အက်ရှင်ဒရမ်မာဖြစ်ပါတယ်။ မင်းသား Shin Sung Rok  က ဒီဒရမ်မာမှာ ပါဝင်မယ်လိ်ု့ အတည်ပြုထားပြီး မင်းသားလီဆောင်းဂီကတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ လီဆောင်းဂီနဲ့ ဆူဇီတို့သာ အဲဒီကမ်းလှမ်းချက်တွေကို လက်ခံဖြစ်မယ်ဆိုရင်တော့ ငါးနှစ်ကြာပြီးတဲ့နောက် ဒရမ်မာတစ်ခုမှာ အတူတူပြန်ဆုံကြမှာလည်း ဖြစ်ပါတယ်။


“Vagabond” ဇာတ်ညွှန်းဖတ်အစီအစဉ်ကို ဒီလထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး SBS ရုပ်သံလိုင်းကနေ ဒီနှစ်ဝက်ကာလမှာ ထုတ်လွှင့်ပြသွားမှာပဲ ဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!