Banner Top

Member Area

ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အဆိုတော်တစ်ဦးအနေနဲ့ Comeback တော့မယ့် လီဆောင်းဂီ

  •  WN
  • Category: Music

အဆိုတော် လီဆောင်းဂီဟာ မကြာခင် Comeback ပြုလုပ်တော့မှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့မှာ လီဆွန်းဂီရဲ့ စီမံခန့်ခွဲရေး အေဂျင်စီ HOOK အင်တာတိန်းမန့်က စိတ်လှုပ်ရှားဖွယ် ကြေညာချက်တစ်ခုကို ဝေမျှခဲ့ပါတယ်။

အေဂျင်စီက "လီဆောင်းဂီဟာ လာမယ့်လာမှာ သတ္တမမြောက် အယ်လ်ဘမ်ကို ဖြန့်ချိဖို့ အလုပ်လုပ်နေပါပြီ။ Obvious Man အမည်ရတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီးတော့ နိုဝင်ဘာ ၁၅ ရက်မှာ ကြိုတင်ဖြန့်ချိမှာဖြစ်ပါတယ်။ " လို့ ပြောဆိုခဲ့ပါတယ်။

201488287 1280

အေဂျင်စီက "ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေတော်တော်များများက လီဆွန်းဂီကို အဆိုတော်တစ်ဦးအနေနဲ့ ပြန်လာဖို့ အချိန်တော်တော်ကြာကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ လီဆွန်းဂီသီချင်းဆိုတဲ့ အသံကို နောက်ထပ် တစ်ကြိမ်ကြားရဖို့ ဆန္ဒပြင်းပြနေကြပါပြီ။ လီဆွန်းဂီဟာ သူ့ရဲ့ ပရိသတ်တွေအတွက် ပြစ်ချက်ကင်းတဲ့အနေအထားနဲ့ အယ်လ်ဘမ်ပြီးမြောက်စေဖို့ အချိန်တော်တော်များများ ပေးထားပါတယ်။ သေချာပေါက် မျှော်လင့်နေပေးကြပါဦး။" လို့ ပြောဆိုထားပါတယ်။

201488288 1280

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ၊ဇွန်လတုန်းက 'And...' ပြီးတဲ့နောက်ငါးနှစ်အတွင်း ပထမဆုံး ပြန်လည်ထွက်ရှိလာမယ့် လီဆွန်းဂီရဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top