Logo
Print this page

သတ်မှတ်လူအရေအတွက် ပြည့်မီသွားသောကြောင့် စစ်မှုထမ်းဆောင်ခြင်းမှ BamBam ကင်းလွတ်ခွင့်ရ

GOT7 အဖွဲ့ဝင် BamBam ဟာ စစ်မှုတာဝန်ထမ်းဆောင်ရတော့မှာမဟုတ်ပါဘူး။

 

ထိုင်းစစ်တပ်အတွက် လူသစ်စုဆောင်းဖို့ရာ နှစ်စဉ်ဧပြီလတိုင်း ဒေသတစ်ခုချင်းဆီမှာ မဲနှိုက်ပွဲတွေကို ကျင်းပကြပါတယ်။ တကယ်လို့ ကတ်သေတ္တာထဲက မဲနှိုက်တဲ့အခါ အနီရောင် ရရှိခဲ့တယ်ဆိုရင် နှစ်နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အနက်ရောင်ဆိုရင်တော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို မဲနှိုက်မယ့်အစား စစ်မှုထမ်းဖို့ ကိုယ်တိုင်လည်း ဆန္ဒပြုနိုင်ပါတယ်။ GOT7 အဖွဲ့ဝင် BamBam ဟာ စစ်မှုတာဝန်ထမ်းဆောင်ရတော့မှာမဟုတ်ပါဘူး။ ထိုင်းစစ်တပ်အတွက် လူသစ်စုဆောင်းဖို့ရာ နှစ်စဉ်ဧပြီလတိုင်း ဒေသတစ်ခုချင်းဆီမှာ မဲနှိုက်ပွဲတွေကို ကျင်းပကြပါတယ်။ တကယ်လို့ ကတ်သေတ္တာထဲက မဲနှိုက်တဲ့အခါ အနီရောင် ရရှိခဲ့တယ်ဆိုရင် နှစ်နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အနက်ရောင်ဆိုရင်တော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို မဲနှိုက်မယ့်အစား စစ်မှုထမ်းဖို့ ကိုယ်တိုင်လည်း ဆန္ဒပြုနိုင်ပါတယ်။ 

ဒီကနေ့ ဧပြီ ၉ ရက်မှာပဲ BamBam ဟာ အဲဒီမဲနှိုက်တဲ့ အစီအစဉ်မှာပါဝင်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုမှာလည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဲမနှိုှုက်ခင်မှာ လူသစ်စုဆောင်းဖို့ လိုအပ်တဲ့ပမာဏ ရရှိသွားခဲ့ပါတယ်။ အဲဒါကြောင့် သူဟာ သေတ္တာထဲကနေ မဲနှိုက်စရာမလိုတော့ပါဘူး။ ဧပြီ ၁ ရက်တုန်းကတော့ NCT အဖွဲ့ဝင် Ten ဟာ ကျန်းမာရေးကြောင့် စစ်မှုထမ်းဆောင်တာကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။


soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!