Banner Top

Member Area

SM နဲ့ YG အင်တာတိန်းမန့်တို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တဲ့ ရက်ပ်ပါလေး Bang Jaemin

ဒီ ရက်ပ်ပါလေးကတော့ SM နဲ့ YG အင်တာတိန်းမန့်တို့ဆီကနေ ကမ်းလှမ်းချက်တွေကို ငြင်းပယ််ခဲ့တယ်လို့ ဆိုပါတယ်။ သူက Bang Jaemin ကလွဲလို့ ဘယ်သူရှိဦးမလဲ။ Bang Jaemin ဟာ အခုအချိန်မှာ အထက်တန်း ကျောင်းသားလေးတစ်ဦးသာ ဖြစ်ပြီးတော့ Rap ကို စိတ်ဝင်စားကြတဲ့သူတွေက School Rapper 2 အစီအစဉ်မှာ သူပါဝင်ခဲ့ပြီးတဲ့နောက် သူ့ကို ပိုပြီး သဘောကျလာကြပါတယ်။

Bang Jaemin ဟာ တကယ့်ကေပေ့ါပ်အထင်ကရကုမ္ပဏီကြီးတွေဖြစ်တဲ့ SM နဲ့ YG အင်တာတိန်းမန့်တို့ထံကနေ ကမ်းလှမ်းချက် တစ်ခုကို ရရှိခဲ့ပါတယ်။ဒီ ရက်ပ်ပါလေးကတော့ SM နဲ့ YG အင်တာတိန်းမန့်တို့ဆီကနေ ကမ်းလှမ်းချက်တွေကို ငြင်းပယ််ခဲ့တယ်လို့ ဆိုပါတယ်။ သူက Bang Jaemin ကလွဲလို့ ဘယ်သူရှိဦးမလဲ။ Bang Jaemin ဟာ အခုအချိန်မှာ အထက်တန်း ကျောင်းသားလေးတစ်ဦးသာ ဖြစ်ပြီးတော့ Rap ကို စိတ်ဝင်စားကြတဲ့သူတွေက School Rapper 2 အစီအစဉ်မှာ သူပါဝင်ခဲ့ပြီးတဲ့နောက် သူ့ကို ပိုပြီး သဘောကျလာကြပါတယ်။ Bang Jaemin ဟာ တကယ့်ကေပေ့ါပ်အထင်ကရကုမ္ပဏီကြီးတွေဖြစ်တဲ့ SM နဲ့ YG အင်တာတိန်းမန့်တို့ထံကနေ ကမ်းလှမ်းချက် တစ်ခုကို ရရှိခဲ့ပါတယ်။ 

1 2

မီဒီယာတစ်ခုဖြစ်တဲ့ Insight နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာသူက “ကျွန်တော် School Rapper အစီအစဉ်မှာ ပါဝင်ခဲ့ပြီးတဲ့နောက် SM ထံကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲံပါတယ်၊ ကျွန်တော် အဲဒီအစီအစဉ်မှာ ပါဝင်ဖို့ မဆုံးဖြတ်ခင်မှာပဲ YG ထံကနေဖုန်းခေါ်ဆိုမှုရရှိခဲ့ပါတယ်။ သူတို့ဆီကနေ တိုက်ရိုက်မက်ဆေ့ချ်လည်း ရခဲ့ပါတယ်၊ ကျနော်က တံခါးပိတ်လူရွေးပွဲကိုလာရင် ကောင်းမှာပဲလို့ သူတို့ပြောထားပါတယ်။

2 2

SM နဲ့ YG တို့ထံကနေ ကမ်းလှမ်းချက်တစ်ခုကို ရရှိဖို့ဆိုတာ ထောင်နဲ့ချီတဲ့လူတွေရဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ Bang Jaemin ကတော့ ဒါကို ပယ်ချခဲ့တာဖြစ်ပါတယ်။ အကြောင်းအရင်းကို မေးကြည့်လိုက်တဲ့အခါ သူက “Idol တစ်ယောက်ဖြစ်ဖို့ဆိုတာထက် ကျွန်တော့်ရဲ့ကိုယ်ပိုင်စတိုင်ကို လုပ်နိုင်မယ့် အနုပညာရှင်တစ်ဦးဖြစ်ချင်တာပါ၊ အချိန်ကိုနောက်ပြန်လှည့်လို့ရရင်တောင် ကျွန်တော်အဲဒါမျိုးကိုပဲ လုပ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top