Warning
  • JUser: :_load: Unable to load user with ID: 936

Banner Top

Member Area

အတွင်းပိုင်းဇိမ်ခံပစ္စည်းတွေကြောင့် YG ရဲ့ဌာနချုပ်အသစ် ပရိသတ် စိတ်ဝင်စားမှုရနေ

  •  WN
  • Category: News

YG အင်တာတိန်းမန့်ရဲ့ ဌာနချုပ်အသစ်အဆောက်အဦဟာ အထဲမှာရှိတဲ့ ဇိမ်ခံပစ္စည်းတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုခံနေရတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့လတုန်းက BLACKPINK အဖွဲ့ဝင် Jennie ဟာ သူ့ရဲ့ Instagram ကြော်ငြာကနေတဆင့် YG ရဲ့အဆောက်အဦအသစ်ကြီးထဲက ဓာတ်ပုံကိုပြသခဲ့ပါတယ်။ ကုမ္ပဏီဟာ မကြာသေးခင်တုန်းက အဲ့ဒီအဆောက်အဦအသစ်ထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပြီး ဖန်မှန်တံခါးတွေ၊ မြင့်မားတဲ့ မျက်နှာကျက်တွေနဲ့ လှိုင်းပုံသဏ္ဍာန်စက်လှေကားတွေနဲ့ခေတ်မီနဲ့အတွင်းပိုင်း ခြယ်သမှုတွေတွေကို ပြသခဲ့ပါတယ်။

1604866463 202011080911776635 5fa746707819f 1024x
အခုဖော်ပြထားတဲ့ပုံတွေကိုတော့ OSEN မီဒီယာက အဲ့ဒီအဆောက်အဦကို တရားဝင်မိတ်ဆက်ခဲ့တဲ့ TREASURE အဖွဲ့ရဲ့ နောက်ဆုံး ဂီတဗီဒီယို ရိုက်ကူးမှုအတွင်းကနေ ရရှိခဲ့တာဖြစ်ပါတယ်။

မီဒီယာတွေရဲ့အဆိုအရ အဲ့ဒီအဆောက်အဦဟာ ဖြောင်း ၆ ထောင်ရှိတဲ့ကြီးမားတဲ့ အရွယ်အစားရှိတယ်လို့ လူသိများပြီး သိပ္ပံစိတ်ကူးယဉ်ကို အခြေခံထားတဲ့ ဒီဇိုင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆောက်အဦကြီး ပြီးစီးဖို့ အချိန် ၈ နှစ်လောက် ယူခဲ့ရတယ်လို့ ဆိုပါတယ်။


တည်ဆောက်ပုံအသစ်နဲ့ပတ်သက်လို့ YG က "ဌာနချုပ်အသစ်မှာ တက်သစ်စ အနုပညာရှင်တွေအတွက် အရည်အသွေးမြင့်နည်းပညာပစ္စည်းတွေနဲ့ ကမ္ဘာ့ဈေးကွက်တစ်ခုမှာ Kpop ရဲ့ အနေအထားကို ဖော်ပြနိုင်မယ့် အခန်းကဏ္ဍလည်း ပါရှိပါမယ်။" လို့ ကြေညာထားပါတယ်။

အခု YG အဆောက်အဦအသစ်ကို သင်ဘယ်လိုသဘောရပါသလဲ။ TREASURE အဖွဲ့ရဲ့ ဂီတဗီဒီယိုထဲက screenshot တွေကို ကြည့်လိုက်ရအောင်ပါ။

1604866651 tre

1604866483 202011080911776635 5fa7474487562

1604866483 202011080911776635 5fa74744ed541

ဆက်စပ်နေသော ရေးသားချက်များ

Banner Top